ကမ်းခြေစောင့် ဥပဒေအရ တရုတ်ရေယာဉ်များသည် ဂျပန်ရေပိုင်နက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်

ကမ်းခြေစောင့် ဥပဒေအရ တရုတ်ရေယာဉ်များသည် ဂျပန်ရေပိုင်နက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်
Photo: EPA

စနေနေ့တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ယခုလအတွင်း အငြင်းပွားဖွယ်ရာ ကမ်းခြေစောင့် ဥပဒေအသစ် စတင်ကျင့်သုံးပြီးနောက် တရုတ်က ပိုင်ဆိုင်သည်ဟု ပြောဆိုထားသည့် စန်ခခုကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားသည်။
 
တနင်္လာနေ့တွင် အသက်ဝင်လာသော ဥပဒေသည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့အား ပေပျင်းအစိုးရက ၎င်း၏ရေထဲသို့ တရားမဝင် ဝင်ရောက်နေသော နိုင်ငံခြားသင်္ဘောများအား လက်နက်များ အသုံးပြုရန် အတိအလင်း ခွင့်ပြုထားသည်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ အဆိုအရ တရုတ် ကမ်းခြေစောင့်သင်္ဘော နှစ်စီးသည် မနက် ၄နာရီ ၄၅ မိနစ် ခန့်တွင် လူနေထိုင်မှုမရှိသော ကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက် အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့သည်။
ယခုနှစ် တရုတ်နိုင်ငံ၏ စတုတ္ထမြောက် ဝင်ရောက်ကျူးကျော်မှုအပြီးတွင် ဂျပန်အစိုးရသည် အခြေအနေအား ခွဲခြမ်းစိတ်ဖြာရန် ဝန်ကြီးချုပ်ရုံးတွင် အထူးအဖွဲ့တစ်ခု ဖွဲ့ခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

ဂျပန်ငါးဖမ်းလှေ နှစ်စီးသည် တရုတ်နိုင်ငံရှိ Diaoyu ဟုလူသိများသည့် ကျွန်းငယ်လေးများအနီးရှိ ရေပြင်တွင် ရွက်လွှင့်နေသည်ဟု အိုကီနာဝါကျွန်း၊ နာဟာမြို့ အခြေစိုက် ၁၁ ခုမြောက် ကမ်းခြေစောင့်တပ်ဖွဲ့ဌာန၏ အဆိုအရသိရသည်။

 နံနက် ၄နာရီ ၅၂ မိနစ်အချိန်တွင် ကျွန်းတစ်ကျွန်း ဖြစ်သော Minamikojima တောင်ဘက် ၂၂ ကီလိုမီတာအကွာတွင် တရုတ်ရေယာဉ်များသည် ငါးဖမ်းလှေများသို့ ၎င်းတို့သည် ချဉ်းကပ်ရန် ရည်ရွယ်ထားသည့်အနေဖြင့် လက်နက်ဖြင့် ချိန်ရွယ်ထားသဖြင့် ၎င်းတို့အား စောင့်ရှောက်ရန် ဂျပန်ကမ်းခြေစောင့် သင်္ဘောများအား စေလွှတ်ခဲ့သည်ဟု ဌာနချုပ်က ပြောခဲ့သည်။

အမြောက်များ သယ်ဆောင်လာပုံရသော အခြား တရုတ်ကမ်းခြေစောင့် သင်္ဘော နှစ်စီးမှာ စန်ခခုအနီးရှိ ဂျပန်ပိုင်နက် ရေပြင်အပြင်ဘက် အနီးကပ်ဇုန်တွင် တွေ့ခဲ့ရသည်။

အနီးကပ်ဇုန်တွင် တရုတ်ရေယာဉ်များအား ဆက်တိုက်တွေ့နေရသည့် ရှစ်ရက်မြောက်နေ့ဖြစ်သည်။
 
အထူးသဖြင့် နိုင်ငံအား “ရေကြောင်းအင်အား”အဖြစ် ပြောင်းလဲလိုသော သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် တရုတ်ကမ်းခြေစောင့် ရေယာဉ်များကို ဂျပန်အုပ်ချုပ်ရေးမှ စန်ခခုအနီးတွင် ပုံမှန်တွေ့ရသည်။

ပြီးခဲ့သည့်နှစ်က တရုတ်ရေယာဉ်များသည် ၃၃၃ ရက်လုံးလုံး အနီးပက်ဇုန်တွင် သွားလာခဲ့သည်ဟု အတည်ပြုခဲ့သည်။

စန်ခနှင့် ပတ်သက်၍ တောင်းဆိုချက်အပြင် တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ အရှေ့တောင်အာရှနိုင်ငံများနှင့်ရေကြောင်း အချုပ်အခြာအာဏာ အငြင်းပွားမှုများ ရှိသည်။
 
ပြီးခဲ့သည့်လ နှောင်းပိုင်းက အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင်သည် ဝန်ကြီးချုပ် ယိုရှီဟီဒဲရှုဂါနှင့် ဖုန်းပြောရာတွင် နှစ်နိုင်ငံ၏ နှစ်ပေါင်းများစွာ လုံခြုံရေးစာချုပ်အရ စန်ခခုကျွန်းများကို ကာကွယ်ရန် ဝါရှင်တန်၏ “မယိမ်းယိုင်သည့်ကတိကဝတ်” ကို ထပ်မံပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ရေကြောင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်သော အွန်လိုင်း ဂျပန်-တရုတ် အစည်းအဝေးတွင် တိုကျိုက ပေကျင်းမှ တောင်းဆိုသောရေထဲသို့ ဝင်နေသော နိုင်ငံခြားသင်္ဘောများ သိမ်းဆည်းရန် တရုတ်ကမ်းခြေစောင့်များအား အခွင့်အာဏာပေးထားည့် ဥပဒေသစ်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသည်ဟု အခိုင်အမာပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးတေးနေ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required