မော်လမြိုင် ကျောင်းသားများ ထိုင်သပိတ်ကို ဖြိုခွင်း၊ လူအုပ်တောင်းဆိုမှုကြောင့် ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေး

မော်လမြိုင် ကျောင်းသားများ ထိုင်သပိတ်ကို ဖြိုခွင်း၊ လူအုပ်တောင်းဆိုမှုကြောင့် ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေး
Photo: AFP

မော်လမြိုင်က ကျောင်းသားတွေရဲ့ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့ဟာ အလျင်အမြန်ပဲ ဖြိုခွင်းရှင်းလင်းခဲ့ပါတယ်။ ဒီလို ဖြိုခွင်းရာမှာ ရာဘာကျည်တွေနဲ့ ပစ်ခတ်တာကြောင့် ဆေးရုံရောက်တဲ့ ဆန္ဒပြသူအချို့ ရှိပါတယ်။

အခု ဆန္ဒပြထိုင်သပိတ်ကို ရဲက ဖြိုခွင်းပြီး လူကိုးဦးကို ဖမ်းဆီးသွားခဲ့တာမှာ မြို့နေပြည်သူတွေက ရဲစခန်းရှေ့ လာရောက်စုရုံးပြီး တောင်းဆိုကြတာကြောင့် ဖမ်းဆီးထားသူ ကိုးဦးကို ပြန်လည်လွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက မြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ လူအင်အားများစွာနဲ့ ဆန္ဒပြတောင်းဆိုနေကြတာဟာ သောကြာနေ့မှာဆိုရင် ခုနစ်ရက်မြောက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ အထူးအစည်းအဝေး ခေါ်ယူပြီး စစ်တပ်အနေနဲ့ အရပ်သားအစိုးရထံ အာဏာပြန်လည်လွှဲအပ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ မဲမခွဲဘဲ ဆုံးဖြတ်ချက်ချ တောင်းဆိုခဲ့ပါတယ်။

အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အထူးအစည်းအဝေး ခေါ်ယူကျင်းပခဲ့တာပါ။

အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ၊ ရုရှနဲ့ တရုတ်ကိုယ်စားလှယ်တွေကတော့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ သဘောတူပါဝင်ခဲ့တာ မရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly