ဒေါက်တာအေးမောင် လွတ်လာ

ဒေါက်တာအေးမောင် လွတ်လာ
File Photo: EPA

နိုင်ငံတော်ပုန်ကန်မှု ပုဒ်မဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော ဒေါက်တာအေးမောင်ကို ယနေ့ အင်းစိန်ထောင်က ပြန်လွတ်လာပြီဖြစ်သည်။

သူနှင့်အတူ စာရေးဆရာဝေဟင်အောင်လည်း ပြန်လွတ်မြောက်လာသည်။ ၄င်းတို့နှစ်ဦးလုံးသည် ရခိုင်ပြည်နယ် ရသေ့တောင်တွင် ရခိုင်နိုင်ငံအချုပ်အချာဆိုသော နိုင်ငံရေးဟောပြောစည်းရုံးမှုဖြင့် ၂၀၁၈ ကတည်း ဖမ်းဆီးထောင်ချခံရခြင်းဖြစ်သည်။ 

စစ်အာဏာရှင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ယနေ့လွှတ်ပေးသော အကျဥ်းသား ၂၃၀၀၀ ကျော် တွင် ၄င်းတို့ပါဝင်လာခြင်းဖြစ်သည်။ 

ရခိုင်အမျိုးသားပါတီ (ANP) က အာဏာသိမ်းပြီး လေးရက်မြောက်နေ့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံတွင် တောင်းဆိုသည့်စာတွင် ဒေါက်တာအေးမောင်လွတ်မြောက်ရေးလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly