တောင်ဥက္ကလာပမြို့နယ်က ဖမ်းဆီးခံ ​ဗေဒင်ဆရာကို ပြန်လွှတ်​ပေးဖို့ ရဲစခန်း​ရှေ့မှာ ​ဒေသခံ​တွေ ​တောင်းဆို​နေ

တောင်ဥက္ကလာပမြို့နယ်က ဖမ်းဆီးခံ ​ဗေဒင်ဆရာကို ပြန်လွှတ်​ပေးဖို့ ရဲစခန်း​ရှေ့မှာ ​ဒေသခံ​တွေ ​တောင်းဆို​နေ

ဓါး​ပေါ်မှာ ဖ​ယောင်းတိုင်ထွန်းပြီး စစ်အာဏာရှင်စနစ် ကျဆုံးပါ​စေ​ကြောင်း လူမှုကွန်ရက်​ပေါ်မှာ ဓါတ်ပုံတင်ပြီး ဆု​တောင်းလို့ ဖမ်းဆီးခံရတဲ့ ​ဗေဒင်ဆရာ လင်းညို့တာရာကို ပြန်လွှတ်​ပေးဖို့ မြို့ခံ​တွေက ​တောင်ဥက္ကလာပမြို့မရဲစခန်း​ရှေ့မှာ ​တောင်းဆို​နေကြပါတယ်။

စစ်အာဏာရှင်စနစ် ကျဆုံးပါ​​စေ​ကြောင်း ဆု​တောင်းဓါတ်ပုံတင်တဲ့ ​ဗေဒင်ဆရာ လင်းညို့တာရာကို ​ဖေ​ဖော်ဝါရီလ ၁၁ ရက် ည ၁၁ နာရီ​လောက်မှာ ရဲတပ်ဖွဲ့က ​နေအိမ်တံခါး​သော့ကို ဖျက်ပြီး ဝင်​ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တပည့်ဖြစ်သူ ကိုပိုင်သူရက မဇ္စျိမကို ​ပြောပါတယ်။

ဘယ်ပုဒ်မ​တွေနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်ဆိုတာကို​တော့ မသိရ​သေးဘူးလို့လည်း သူက ​​ပြောပါတယ်။

လက်ရှိ​ဗေဒင်ဆရာ လင်းညို့တာရာကို ​တောင်ဥက္ကလာပမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး သူ့ကို ပြန်လွှတ်​ပေးဖို့ ​မြို့ခံတွေဟာ မ​နေ့ညကတည်းက ရဲစခန်း​ရှေ့မှာ ​တောင်းဆို​နေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly