မန္တလေးက တရုတ်သံရုံးရှေ့ဆန္ဒပြနေချိန် လူရမ်းကားများ နှောက်ယှက်

မန္တလေးက တရုတ်သံရုံးရှေ့ဆန္ဒပြနေချိန် လူရမ်းကားများ နှောက်ယှက်

မန္တလေးမြို့ ရှိတရုတ်သံရုံးအရှေ့ဘက်တွင် လူငယ်များစုပေါင်းဆန္ဒပြနေချိန် ညနေ ၅နာရီခန့်က လူရမ်းကားအုပ်စုတစ်စုရောက်ရှိလာလို့ဆိုပြီး ဆန္ဒပြလူငယ်တွေ လူစုခွဲလိုက်ပါတယ်။

အားကစားသိပ္ပံနဲ့ မျက်နှာချင်းဆိုင် ၇၃ လမ်းပေါ်က သံရုံးမှာ လမ်းပိတ်ထားပြီး လုံခြုံရေးရယူပေးထားတဲ့ရဲတပ်ဖွဲ့လည်းရှိနေချိန်မှာ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအပါအဝင် လူငယ်တစ်ချို့ဟာ အာဏာသိမ်းအစိုးရကို ထောက်ပံ့ပေးတာမပြုဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွ့ဲရှိတဲ့နေရာနဲ့ တစ်ဘက်မျက်နှာစာမှာ အေးချမ်းစွာ ဆန္ဒပြနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ညနေ၅နာရီဝန်းကျင်မှာ တုတ်များကိုင်ဆောင်ထားသော လူရှစ်ဦးကရောက်ရှိလာပြီး ဆန္ဒဖော်ထုတ်နေတဲ့သူတွေရဲ့ ရှေ့ကနေ ရဲတပ်ဖွဲ့အနီးကပ်ပြီးအော်ဟစ်သလို လမ်းသွားလမ်းလာတွေကိုလည်း အဲဒီနေရာမှာဆန္ဒပြဖို့လှုံ့ဆော်တာတွေ လုပ်လာခဲ့ပါတယ်။

လူငယ်တွေက "၅၀၀၀ တန်တွေ လာပြီ ပြန်ကြ ပြန်ကြ"ဆိုပြီး လိုက်လံ နှိုးဆော်ခဲ့တာကြောင့်  လူစုခွဲလိုက်ကြပါတယ်။

မန္တလေးက တရုတ်သံရုံးရှေ့ဆန္ဒပြနေချိန် လူရမ်းကားများနှောက်ယှက် ---- မန္တလေးမြို့ ရှိတရုတ်သံရုံးအရှေ့ဘက်တွင်...

Posted by Mizzima - News in Burmese on Thursday, February 11, 2021

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly