ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို အကျယ်ချုပ်ကျခံနေရသော သူ၏နေအိမ်မှ ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ပူးပေါင်းပါဝင်သောအဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့သည်။
အလားတူပင် ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ပဲခူးခရိုင်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌများ ပန်းတောင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ မင်းလှမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ထန်တပင်မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌများနှင့် ရွှေတောင်မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ ဦးစီး၊ ပန်းတောင်းမြို့နယ်NLDပါတီ မြို့နယ်ဥက္ကဌ ဦးရဲတင်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်ဇင်မိုးထိုက်ကိုနေအိမ်မှလာရောက်ဖမ်းဆီးသွားခဲ့သည်။
၎င်းတို့ကို မည်သည့်နေရာကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့မသိရှိရသေးပါဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်မှအာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်မှ ထိန်းသိမ်းခဲ့ပြီးနောက် NLDပါတီမှ လွှတ်တော်ကိုယ်စားလှယ်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပဲခူးတိုင်းNLDပါတီ တိုင်းဥက္ကဌဦးသိန်းဒန်၊ တိုင်းလွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ ခရိုင်ဥက္ကဌဒေါက်တာစောညိုဝင်းကို အခုအချိန်အထိပြန်လည်လွတ်ပေးခြင်းမရှိသေးဘူးလို့ ပဲခူးတိုင်း NLD ပါတီ ပြန်ကြားရေးထံကသိရပါသည်။




















