အဖမ်းခံခဲ့ရသော ကြံခင်းက ရဲဝန်ထမ်းညီအကို ၂ ‌ယောက်ကို ‌တွေ့ခွင့်မရတာကြောင့် ဖခင်ဖြစ်သူ စိုးရိမ်နေ

အဖမ်းခံခဲ့ရသော ကြံခင်းက ရဲဝန်ထမ်းညီအကို ၂ ‌ယောက်ကို ‌တွေ့ခွင့်မရတာကြောင့် ဖခင်ဖြစ်သူ စိုးရိမ်နေ

မေး။   ။ လက်ရှိအချိန်မှာ သားဖြစ်သူနဲ့ တွေ့ခွင့်ရပြီလား။

ဖခင်ဖြစ်သူ။  ။ အခုအချိန်အထိဗျာ ကျွန်တော်တို့ မိဘတွေကိုပေးမတွေ့ပေးဘူးဗျာ။ ပေးမတွေ့ပေးတဲ့ အပြင်ကိုမှ ကျွန်တော်တို့ကပြောပါတယ်ဗျာ၊ ဖုန်းလေးနဲ့ ဆက်ပြီးတော့တောင် အသံလေးကြားရရင် ကျေနပ်ပါတယ်လို့။ ဒီဖုန်းအသံလေးကြားရရင်တောင်မှ သူတို့ကို ဖုန်းမကိုင်ခိုင်းပါဘူးဗျာ။ ခင်ဗျာတို့ကို အပြင်ကနေကိုင်ပြီး သူတို့ကို ဘာစားချင်လဲ၊ ကျန်းမာရေးအရ ဆေးမှာချင်လား၊ ဘာဖြစ်ချင်လဲအတွက် ဒီစကားလေးတောင် ပါးချင်တာ ပါးလို့တောင် မရဘူးဖြစ်နေတယ်။ အခုထိလဲ မတွေ့ရဘူးဖြစ်နေတယ်။

မေး။  ။ သားနှစ်ယောက်လုံး အဖမ်းခံထားရပြီး တွေ့ခွင့်လဲမရဘူးဆိုတော့ ဘယ်လောက်ထိ စိုးရိမ်မှု့ရှိနေလဲဗျ။ 

ဖခင်ဖြစ်သူ။  ။ စိုးရိမ်သာပေါ့ဗျာ၊ မြန်မာတပြည်လုံးဝန်ထမ်းတွေပူးပေါင်းနေပြီ။  ရဲတပ်ဖွဲ့တွေတောင်ပူးပေါင်းနေပြီ။ ဒါပေမယ့် ဘာဖြစ်လို့ သူတို့တွေက ဒီရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော့်သားတွေကို ဒီလောက်အချိန်ထိတောင် မိဘနဲ့ ပေးမတွေ့ဘဲနဲ့ ထားတယ်ဆိုတာ သဘောရိုးနဲ့ဟုတ်ရဲ့လားလို့ ကျွန်တော့်စိတ်ထဲမှာ သံသယဖြစ်တယ်ဗျ။ အဲ့က စခန်းမှူးကော၊ မြို့နယ်မှူးကိုလည်းဗျာ၊ ကျွန်တော်တို့သက်ဆိုင်ရာနှမတွေကပေါ့၊ ဘုန်ကြီးတို့နဲ့ မေတ္တာရပ်ခံတယ်တဲ့။ ကျွန်တော်မသိပါဘူး။ အဲ့ဒါက ကလေးတွေကိုပေးတွေ့ဖို့ပြောတော့ ပေးတွေ့လို့မရပါဘူးလို့ပြောတယ်လို့ ကျွန်တော်တဆင့်ပြန်ကြားရတယ်။

မေး။  ။ အဖမ်းခံထားရတဲ့ သားနှစ်ယောက်ကို တွေ့ဖို့ ဘယ်နှစ်ကြိမ်လောက်တွေ့ခွင့်တောင်းဆိုခဲ့လဲဗျ။ 

ဖခင်ဖြစ်သူ။  ။ ဟာဗျာ အကြိမ်ကြိမ်ပါပဲ။ နေ့တိုင်းလိုလိုပြောတာပဲ။ မပြောဖြစ်တာ တစ်ရက် နှစ်ရက်ပဲရှိတယ်။ အခုရက်ပိုင်းအတွင်းမှာ အဲ့မှာတွေ့ဖို့ တာဝန်ကျတဲ့ရဲလေးတွေကိုလည်း ပြောတယ်။ အဲ့ဒီ ရဲမေတွေကိုလဲပြောတယ်ဗျာ။ အဲ့ဒါသူတို့က ဘာပြောလည်းဆိုတော့ ကျွန်မတို့ကဝန်ထမ်းတွေတဲ့။ အထိအခိုက်မခံနိုင်ဘူးတဲ့။ အဲ့ကရဲမေတစ်ယောက်ကတော့ ပြောတယ်ဗျ။ ရဲတပ်ဖွဲ့မိသားစုအချင်းနားလည်ပေးပါ။ ခင်ဗျာတို့ဗျာ၊ နားလည်ပေးရမယ်ဆိုရင် ကျွန်တော့်နှမကလည်းသူတို့ကိုပြောတယ်၊ နားလည်ပေးရအောင်။ ရဲဝန်ထမ်းမိသားစုချင်းဆိုရင် တကယ်ဆိုရင် ပိုလို့တောင်မှနားလည်ပေးသင့်ပါတယ်။ ဒီမျက်နှာလေးတောင် မမြင်ရဘူးဆိုတော့ အဲ့ဒါကျတော့ သူတို့က ဝန်ထမ်းထိခိုက်မှာဆိုးတဲ့အတွက် သူတို့ကို နားလည်ပေးပါ၊ ကျွန်မတို့ကတော့ အထိအခိုက်မခံနိုင်ဘူးဆိုပြီး အခုချိန်အထိ မတွေ့ရဘူး။

မေး။  ။ စခန်းမှူးတို့ မြို့နယ်မှူးတို့နဲ့ ဘယ်နှစ်ကြိမ်လောက်တွေ့ပြီးပြီးလဲ၊ သူတို့ဘက်က ဘယ်လိုတုန့်ပြန်လဲဗျ။

ဖခင်ဖြစ်သူ။  ။ သူ့ကို ကျွန်တော်က ၉ ရက်နေ့က ထပ်ပြီးတောင်းဆိုတယ်ဗျ၊ ဒါဖုန်းနဲ့ဆက်ပြောတယ်ဗျ။ မကိုင်ဘူးဗျာ နောက်မှ ဖုန်းရတယ်။ နောက်တော့ ဒီဟာပတ်သက်ပြီး ကျွန်တော်က တွေ့ချင်တယ်လို့ ပြောတယ်ဗျ။ အတွေ့မခံဘူးဗျ။ 

မေး။  ။ သားနှစ်ယောက်ရဲ့ ကျန်းမာရေးကို ဘယ်လောက်ထိ စိုးရိမ်နေလဲဗျ။ 

ဖခင်ဖြစ်သူ။  ။ ရှိတာပေါ့ဗျာ၊ ဘယ်လောက်ထိစိုးရိမ်လဲဆိုရင် ကျွန်တော့်သားအကြီးကောင်က ငယ်ငယ်လေးကတည်းက သွေးတိုးရောဂါရှိတယ်။ သွေးတိုးရောဂါရှိတော့ ကျွန်တော်ကမသွားနိုင်ဘူး။  မသွားနိုင်လို့ သမီးတွေနဲ့ဆေးပေးလိုက်တယ်။ အော် ဒီဆေးလေးတွေသွင်းပေးပါဆိုတာကို ကလေးတွေကိုပြောလိုက်တယ် ၊ ဒီဆေးတွေသွင်းပေးလို့မရဘူးတဲ့ ။ ဓါတ်ဆားတွေပဲပေးလို့ရတယ်ဆိုတော့ ကလေးတွေကမသိတော့ ဓါတ်ဆားပေးလိုက်တယ်။ နောက်ဝမ်းသွားနေတယ်အောက်မေ့လို့ဆိုပြီး နောက်တော့နှမက သိသွားတော့ ဟာသွေးတိုးတဲ့သူကို ဓါတ်ဆားတွေဘယ်ပေးလို့ဖြစ်မလဲဆိုပြီးတော့ ပထမတစ်ခေါက်သွားပြောတယ်။ ကျန်းမာရေးဆရာမပဲ။ ကျွန်တော့်ညီမက ဖူလုံရေးမှာလုပ်တယ်။   သွားပြောတော့ အပေးမခံဘူး။ အပေးမခံတော့ နောက်တခါသွားရတယ်။ သွားတော့ နှမကနေပြီးတော့ ဒီဆေးက ဒီလိုဒီလိုရမ်းသမ်းတိုက်လို့မရဘူးလို့ ဒါဆိုလို့ရှိရင်လဲ အပေးမခံဘူးဆိုရင်လည်း တနေ့စာတော့ ပေးခဲ့တဲ့။ အဲ့တော့ ဒီဆေးကိုသေချာတိုက်ပါ။ ဒီဆေးဆိုတာ ရမ်းတိုက်လို့မရဘူး။ ဒီဟာ ဒီဟာ ဒီအချိုးပေါ့လို့။ ဒါလေးတွေနဲ့တိုက်ပေါ့ ဆိုတော့ ဟာရှုပ်ပါတယ် ဒါဆိုရင်အထုတ်လိုက်သာပေးလိုက်တဲ့။  ပုလင်းလိုက်တဲ့ ဟာမင်းတို့ဥစ္စာကလည်း စောစောတုန်းကတော့ ဆေးတောင်ပေးမရဘူးဆိုတော့ အခုကျတော့ တနေ့တခါ စနစ်တကျပြောတော့လည်း အာရုံတွေရှုပ်တယ်ပြောတော့ နင်တို့တွေလုပ်တာက တခုမှမဟုတ်ဘူးလို့ ပြောခဲ့တယ်တဲ့။

မေး။  ။ ဘာတွေ ဖြည့်စွတ်ပြောချင်ပါသလဲခင်ဗျ။

ဖခင်ဖြစ်သူ။  ။ ကျွန်တော့်သားနှစ်ယောက်က သူတို့ယုံကြည်ချက်အရလုပ်တာဗျာ။ ယုံကြည်ချက်အရဖြစ်တဲ့ကိစ္စမှာတော့ ကျွန်တော်တို့ကတော့ သိပ်ပြီးခံစားမှု့မရှိပါဘူး။ သူ့ယုံကြည်ချက်နဲ့သူသွားတာ၊ သို့သော် ဒီလိုယုံကြည်ချက်ကလည်းပဲ ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ လည်းပဲ ပြောရမယ်ဆိုတော့ ကျွန်တော်တို့ ကိုယ့်ပြည်သူတွေအတွက် ပိုကောင်းမယ်ထင်လို့ လုပ်ခဲ့ကျတာဗျာ။ ဒါကြီးကိုဒီလို ခွဲခွဲခြားခြားဆက်ဆံနေတယ်ဆိုတော့ နောင်တစ်ချိန်မှာ ကျွန်တော်တို့တိုင်းပြည်အတွက် နောင်ဒီလို မလုပ်ရဲအောင် ဦးချိုးပြီး လုပ်နေတဲ့သဘောပဲဗျ။ နောက်တစ်ချက်က သူတို့လုပ်နေတဲ့ အခင်းအကျင်းကိုကြည့်နေတာက သူတို့အဓ္မသိမ်းထားတဲ့ အဓ္မအာဏာသိမ်းမှု့တွေလုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့သားတွေက ဒီစစ်တပ်အာဏာသိမ်းမှု့ကို ဆန့်ကျင်တာလေဗျာ။ ပါတီနိုင်ငံရေးလည်း လုပ်တာမဟုတ်ဘူး သူပုန်လည်းမဟုတ်ဘူး။ စစ်အာဏာသိမ်းမှု့ကို သူတို့လက်မခံနိုင်လို့ သူတို့ရဲ့ ရင်ထဲဖော်ပြချက်တွေကို ဆောင်ရွက်တယ်ဗျာ။ ဆောင်ရွက်တာကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းနေတယ် ။ သူတို့ကဘာလည်း ဆိုတော့ စစ်အာဏာရှင်တွေက အားသာရင် ကျွန်တော့်သားတွေကိုပြစ်ဒဏ်ပေးမယ်။ စစ်အာဏာရှင်က အားမသာဘူးဆိုရင် စစ်ဘက်ကမဖမ်းခင်ကျနော်တို့က ကြိုတင်ပြီးတော့ စေတနာနဲ့ထိန်းသိမ်းထားတာ၊ အဲ့လိုစကားမျိုး စတွေ့တဲ့နေ့ကတည်းက အဲ့လိုပြောတာ ကျန်တာတော့ ပြစ်ဒဏ်ထိန်းသိမ်းမယ်ဆိုတာတော့ မပြောဘူးပေါ့ဗျာ။ သူတို့ခြေလှမ်းက အဲ့လိုပုံစံမျိုးလုပ်တာဗျာ။ နောက်တစ်ချက်က သွားမေးတဲ့အချိန်မှာ တစ်ခြားတစ်ဖက်က မဖမ်းခင်စေတနာနဲ့ ထိန်းသိမ်းထားတယ်လို့ပြောတယ်ဗျာ။  စေတနာနဲ့ထိန်းသိမ်းထားတယ်လို့ပြောတယ်ဆိုရင် ဒီလိုအခြေနေမျိုးမှာ တစ်တိုင်းပြည်လို့ အရေးဖြစ်နေပြီ။ ပြည်သူတွေအခုပူးပေါင်းနေပြီဗျာ။ စေတနာနဲ့ထိန်းသိမ်းထားတယ်ဆိုတာ လူတောင်တွေ့ခွင့်မပေးဘူးဗျာ။ ရဲမိသားစုအချင်းနားလည်ပေးပါပဲပြောပြီး ကျွန်တော့်သားသမီးတွေကို တွေ့ခွင့်မပေးဘူး။ အခုဟာက ဘယ်လိုပြောရမလဲ ကျွန်တော့်သားတွေကို အမှောင်တိုက်ထဲ ထည့်ထားသလိုဖြစ်နေတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly