အစိုးရရုံးများနှင့် မုံရွာတက္ကသိုလ်အား မြို့လူထုမှ ချိတ်ပိတ်ကြောင်း ကြေညာ

အစိုးရရုံးများနှင့် မုံရွာတက္ကသိုလ်အား မြို့လူထုမှ ချိတ်ပိတ်ကြောင်း ကြေညာ

စစ်အာဏာရှင် ယန္တရား ရပ်တန့်ရေးအတွက် မြို့နေပြည်သူများ၏ သဘောဆန္ဒအရ ဤရုံးအဆောက်အဦးအား ချိတ်ပိတ်လိုက်ပါသည်ဟု ဗီနိုင်းဆိုင်းဘုတ်များကို ရုံးတံခါးများတွင် လူထုမှ ချိတ်ဆွဲထားသည်။ 

အဆိုပါ ချိတ်ဆွဲထားသည့် ဌာနများသည် မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းပညာရေးမှူးရုံး၊ မုံရွာတက္ကသိုလ်၊ တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  တိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ဖြစ်သည်။

ယနေ့ မုံရွာလူထုသပိတ်စစ်ကြောင်းကို အစိုးရရုံးဌာနများရှေ့ အပါအဝင် မြို့ပတ်ကာဆန္ဒပြခဲ့ကြပြီး ၂ နာရီခန့်တွင် ဆန္ဒပြမှုအား ရပ်နားလိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly