ဧရာဝတီတိုင်းအစိုးရဌာနအားလုံးကို အစိုးရသစ်ပေါ်သည်ထိ ရုံးပိတ်ပေး

ဧရာဝတီတိုင်းအစိုးရဌာနအားလုံးကို အစိုးရသစ်ပေါ်သည်ထိ ရုံးပိတ်ပေး

တရားမဝင်သော စစ်အာဏာသိမ်းမှုဖြစ်သောကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ၎င်းတို့၏ လက်အောက်တွင်ရှိသော အရာရှိ၊အရာထမ်းများအားလုံးကို အနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်သတ်မှတ်ကြောင်း ယနေ့ထုတ်ပြန်သည်။

ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အစိုးရအဖွဲ့၏ ပုဒ်မ ၂၉ ပြဌာန်းချက်အတိုင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့စွဲထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုးထားသည်။ ဥဒေမဲ့ အာဏာသိမ်းယူမှုအား ဖီဆန်ကြသော ပြည်သူ့ဝန်ထမ်း အားလုံးကို အလေးအနက်မှတ်တမ်းတင်ကြောင်းလည်း ရေးသားထားသည်။

ဒေါက်တာလှမြတ်သွေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ခန့်အပ်ထားသော ဝန်ကြီးတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly