ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ လူ ၁၀၀၀ နီးပါးဖြင့် စီတန်းလှည့်လည်စဉ် ရပ်ကွက်သားများက သံပုံးများတီး၍ တန်ပြန်

ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ လူ ၁၀၀၀ နီးပါးဖြင့် စီတန်းလှည့်လည်စဉ် ရပ်ကွက်သားများက သံပုံးများတီး၍ တန်ပြန်

နိုင်ငံအဝှမ်း အာဏာသိမ်းစစ်အစိုးရကိုဆန့်ကျင်ဆန္ဒပြပွဲတွေပေါ်ပေါက်နေစဉ်မှာပဲ ပြည်ခိုင်ဖြိုးနဲ့မိတ်တူအင်အားစုတွေက တပ်ထောက်ခံပွဲတစ်ခုကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

တပ်မတော်ထောက်ခံသူတွေဟာ ပုသိမ်မြို့ အမှတ်(၃)ရက်ကွက် ကန်သာယာကွင်းအနောက်ဘက်မှစ၍ စတင်လှည့်လည်ပြီး အင်အားပြကြပါရာမှာ လှည့်လည်ရာ ရပ်ကွက်တလျှောက် ရက်ကွက်နေပြည်သူများမှ သံပုံးများတီး၍ တန်ပြန်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။

ပုသိမ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လေးရက်မြောက်ဆန္ဒပြပွဲတွေဖြစ်ပေါ်နေစဉ်မှာ အာဏာသိမ်းသူတွေဘက်က အင်အားပြုမူဖြစ်ခဲ့တာပါ။

ပုသိမ်မှာ တပ်မတော်ထောက်ခံပွဲ လူ ၁၀၀၀ နီးပါးဖြင့် စီတန်းလှည့်လည်စဉ် ရပ်ကွက်သားများက သံပုံးများတီး၍တန်ပြန် နိုင်ငံအဝှမ်း...

Posted by Mizzima - News in Burmese on Tuesday, February 9, 2021

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly