စစ်တပ်ပိုင်လုပ်ငန်းများနှင့် ကုန်ပစ္စည်းများ သပိတ်မှောက်ရန် လှုံ့ဆော်မှု အားကောင်းနေ

စစ်တပ်ပိုင်လုပ်ငန်းများနှင့် ကုန်ပစ္စည်းများ သပိတ်မှောက်ရန် လှုံ့ဆော်မှု အားကောင်းနေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းလိုက်ပြီးနောက် တပ်ပိုင်လုပ်ငန်းများနှင့် ကုန်ပစ္စည်းများကို အားပေးခြင်းမပြုရန် လှုံ့ဆော်သော ကမ်ပိန်းများ အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေခဲ့သည်။

မြန်မာတိုင်းမ်သတင်းတစ်ပုဒ်အရ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း  တပ်မတော်နှင့်ဆက်စပ်နေသောကုန်ပစ္စည်းများ ရောင်းအား သိသိသာသာကျဆင်းသွားသည်ဟု သိရသည်။

အကြမ်းမဖက်သောနည်းဖြင့် နိုင်ငံရေးအံတုသည့် လူထုလှုပ်ရှားမှု Civil Disobedience Movement (CDM) ၏ တစ်စိတ်တစ်ပိုင်းကြောင့်   မြန်မာဘီယာ၊ ရူဘီဆေးလိပ်၊ မိုင်တဲလ်ဆင်းကတ်နှင့် ငွေဖြည့်ကတ်များအပါအဝင် စစ်တပ်ရန်ပုံငွေရှာစီးပွားရေးလုပ်ငန်းများမှထွက်သော ကုန်ပစ္စည်းများ ဝယ်လိုအား ထိခိုက်သွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly