ရန်ကုန်က NLD ရုံးချုပ်ကို စစ်တပ်က ဝင်ရောက်စီးနင်းဖျက်ဆီး 

 ရန်ကုန်က NLD ရုံးချုပ်ကို စစ်တပ်က ဝင်ရောက်စီးနင်းဖျက်ဆီး 
Photo: AFP

မနေ့ညက ညမထွက်ရ အမိန့် စတင်အသက်ဝင်ချိန်မှာပဲ လုံခြုံရေးတပ်တွေဟာ ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ 

အဲဒီ NLD ရုံးချုပ်ထဲ အေအက်ဖ်ပီက ဝင်ရောက်ခွင့် ရခဲ့ရာမှာ ယာယီကိုယ်စားလှယ် ဦးစိုးဝင်းက အဖျက်ဆီးခံရတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို လိုက်လံပြသခဲ့ပါတယ်။ 

“စစ်အာဏာရှင်တွေဟာ ည ကိုးနာရီခွဲလောက်မှာ ရုံးချုပ်ကို စီးနင်းပြီး ဝင်ရောက်ဖျက်ဆီးတာ ဖြစ်တယ်။”လို့ NLD ပါတီကလည်း ၎င်းရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ကြေညာပါတယ်။ ပါတီအနေနဲ့ ကြေညာချက်တိုသာ ထုတ်ခဲ့တာဖြစ်ပြီး အသေးစိတ် ဆိုခြင်း မရှိပါ။ 

ဒီမိုကရေစီ ပြန်လည်ပေးအပ်ရေး တောင်းဆိုကြတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်တာကို အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ရှုတ်ချထားချိန်မှာပဲ ခုလို NLD ရုံးချုပ် ဝင်ရောက်စီးနင်းခံရတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်တပ်ဟာ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားရာက မကျေနပ်ချက်တွေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေဟာ မြို့နယ်တော်တော်များများမှာ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly