မန္တလေးမြို့မှာ "အန္တရာယ်ရှိ သတ်ကွင်း" ကြေညာထားတဲ့နေရာတချို့တွင် လူစုဖို့လှုံ့ဆော်သူတွေရှိနေ

မန္တလေးမြို့မှာ "အန္တရာယ်ရှိ သတ်ကွင်း" ကြေညာထားတဲ့နေရာတချို့တွင် လူစုဖို့လှုံ့ဆော်သူတွေရှိနေ

မန္တလေးမြို့မှာ ဆန္ဒပြဦးဆောင်သူတချို့က ပြည်သူတွေအတွက် အန္တရာယ်ရှိသတ်ကွင်းကြေညာထားတဲ့နေရာတချို့မှာ လူစုဖို့ လှုံ့ဆော်နေသူတချို့ရှိတယ်လို့ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။

မန္တလေးမြို့အတွင်း ပြေးလမ်းနဲသည့်နေရာနှင့် စစ်တပ်နှင့်ရဲအင်အားများသည့်နေရာများကို အန္တရာယ်ရှိနေရာများအဖြစ် စာရွက်များဖြန့်ကာ သတိပေးနေကြပါတယ်။

မနေ့က လူဦးရေ ၂၀၀ ဝန်းကျင်အထိဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည့် ၃၈လမ်း ၇၃လမ်းနှင့် ၇၈လမ်းတွင် တစိမ်းများမှလူစုရန် လှုံ့ဆော်မှုတွေရှိနေကြောင်း ရပ်ကွက်နေပြည်သူတချို့ကပြောပါတယ်။

"ကျနော်တို့ မနက်ထဲရပ်ကွက်ထိပ်မှာ တစိမ်းတွေရောက်နေလို့စောင့်ကြည့်နေတယ်။ သူတို့ကအစကယောင်တောင်တောင်နဲ့ရပ်နေတာ။တဖြည်းဖြည်းနဲ့ စုကြဖို့ရှေ့ကနေအော်ပေးတိုင်ပေးနေတာ။ရပ်ကွက်ကစုပြီး လူစုခွဲပေမယ့်မရဘူး။ဒီနေရာကိုမလာကြဖို့ပြောပေးပါ"လို့ ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။

၇၈လမ်းနဲ့ ၃၈ လမ်းထောင့်မှာ လူစုက စုဝေးနေပြီး ရဲတပ်ဖွဲ့ကလည်း အင်အားအပြည့်နဲ့ရေကားပါ အသင့်ပြင်စောင့်နေပါတယ်။အဲ့ဒီရဲ့ဘေးကပ်ရပ်မှာ စစ်တပ်ကလည်းရှိနေပါတယ်။

မန္တလေးမြို့မှာ အန္တရာယ်ရှိနေရာတွေအဖြစ်ကြေညာထားတဲ့နေရာတွေကတော့ ကျုံးဘေးပတ်လည်၊၇၈×၇၃နဲ့ ၃၈လမ်း၊မဟာမုနိဘုရားကြီးပတ်လည်၊၆၄×၆၅၊၂၈လမ်း၊၆၄နဲ့၂၄လမ်းထောင့်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly