ရန်ကုန်-ကူမင်း လေကြောင်းပျံသန်းမှု ခပ်စိတ်စိတ်ဖြစ်ပေါ်နေ

ရန်ကုန်-ကူမင်း လေကြောင်းပျံသန်းမှု ခပ်စိတ်စိတ်ဖြစ်ပေါ်နေ

မြန်မာပြည်တစ်ဝှမ်း အာဏာသိမ်းစစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ပေါ်ပေါက်နေဆဲဖြစ်သလို တဘက်မှာလည်း ဖေဖော်ဝါရီ ၉ ရက်နေ့က တရုတ်နိုင်ငံကူမင်းနှင့် ရန်ကုန်ကို လေယာဉ်တွေ ခေါက်တုံ့ခေါက်ပြန်ပျံသန်းနေခဲ့တာတွေ့ရပါတယ်။

ကုန်ပစ္စည်းတင်လေယာဉ် ကာဂိုတွေပါဝင်တဲ့ အဲဒီလေကြောင်းခရီးစဉ်တွေမှာ တရုတ်နိုင်ငံက " နည်းပညာသမားတွေ" နဲ့ ပစ္စည်းပစ္စယတွေတင်ဆောင်လာတာလို့ လေကြောင်းဌာနသတင်းရပ်ကွက်တွေက ပြောနေကြပေမဲ့ သီးခြားအတည်ပြုချက်တော့ရယူနိုင်ခြင်းမရှိပါဘူး။

လေကြောင်းထိန်းသိမ်းရေးစခန်းက ဝန်ထမ်းတွေ CDM လုပ်နေတဲ့အတွက် ရန်ကုန်တာဝါအလုပ်မလုပ်နိုင်တဲ့အတွက် နေပြည်တော်တာဝါကနေပြီး ယမန်နေ့ညက လမ်းညွှန်ပေးခဲ့ရတယ်လို့လည်း နေပြည်တော် သတင်းရပ်ကွက်တစ်ခုက မဇ္ဈိမကို အတည်ပြုပြောကြားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly