ရန်ကုန်နဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ ၅ ရက်မြောက်အဖြစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ  

ရန်ကုန်နဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ ၅ ရက်မြောက်အဖြစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ  
Photo: EPA

ဖေဖော်ဝါရီ ၁၀  

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတာဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာဆိုရင် ငါးရက်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။ 

ရန်ကုန်မြို့ မြေနီကုန်းမှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအပါအဝင် ဆန္ဒပြသူတွေ စုရုံးရောက်ရှိနေပြီဖြစ်ပါတယ်။ 

ဆန္ဒပြသူတွေက တော်လှန်ရေးသီချင်းတွေဆိုကာ NLD ပါတီအလံတွေကိုင်ဆောင်ပြီး ဆန္ဒပြနေကြပါတယ်။  

အစားအသောက်ဝန်ဆောင်မှုပို့ပေးတဲ့ food delivery သမားတွေနဲ့ တခြားစက်ဘီးသမားတွေဟာလည်း  ‘ဒီမိုကရေစီ ရရှိရေး ဒို့အရေး’ 'အရေးတော်ပုံ အောင်ရမည်'  အစရှိတဲ့ ကြွေးကြော်သံဆောင်ပုဒ်တွေအော်ဟစ်ပြီး ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲနေကြပါတယ်။ 

အင်္ဂါနေ့ညကလည်း စစ်သားတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဝင်ရောက်စီးနင်းခဲ့ကြပါသေးတယ်။ 

ယမန်နေ့က ရေအမြောက်တွေကို အာခံပြီး ဆန့်ကျင်ဆန္ဒပြတဲ့ လှည်းတန်းစင်တာအနီးမှာလည်း ဒီကနေ့ ဆန္ဒပြသူ ရာပေါင်းများစွာ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။   

ရန်ကုန်မြို့မှာလည်း မြို့နယ်အသီးသီးက ဆန္ဒပြသူတွေဟာ သပိတ်ကြောင်းတွေနဲ့ စုရပ်တွေဆီ ချီတက်လျက်ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly