ဆန္ဒပြပိတ်ပင်တားမြစ်သည့် စစ်အစိုးရကြေညာချက်ကို အကြီးအကျယ်စိုးရိမ်ကြောင်း အမေရိကန်ပြောကြား

ဆန္ဒပြပိတ်ပင်တားမြစ်သည့် စစ်အစိုးရကြေညာချက်ကို အကြီးအကျယ်စိုးရိမ်ကြောင်း အမေရိကန်ပြောကြား
Photo: US EMBASSY RANGOON

စစ်အစိုးရက ဆန္ဒပြစည်းရုံးခွင့်ကို ပိတ်ပင်တားမြစ်သည့်ကြေညာချက်ထုတ်ပြန်ခြင်းကို အမေရိကန်အစိုးရအနေဖြင့် အကြီးအကျယ်စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ နက်ပရိုက်စ် Ned Price က ဖေဖော်ဝါရီ၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံက ဤထုတ်ပြန်ချက်မတိုင်ခင် ထုတ်ပြန်ခဲ့သည့်အတိုင်း ၎င်းတို့အနေဖြင့် ဆန္ဒပြပြည်သူများနှင့်တသားတည်းရှိကြောင်းထပ်လောင်းပြောကြားထားသည်။

ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်ခံ တင်မြှောက်ထားသော အရပ်သားအစိုးရပြန်အသက်ဝင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဆန္ဒပြပြည်သူများနှင့်တကွ ရပ်တည်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငြိမ်းချမ်းစွာဆန္ဒပြခြင်းအပါအဝင်၊ လွတ်လပ်စွာဟောပြောပိုင်ခွင့်၊ အွန်လိုင်း သို့မဟုတ် အခြားနယ်ပယ်များကပါ  သတင်း အချက်လက်သိပိုင်ခွင့်များကိုလည်း အားပေးထောက်ခံကြောင်းရေးသားထားသည်။

လွန်ခဲ့သည့်ရက်များတွင်လည်း အမေရိကန်အစိုးရက စစ်အာဏာသိမ်းမှုကိုကန့်ကွတ်ရှုတ်ချကြောင်း၊ ကျူးလွန်သူများကို အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly