မြိတ်တွင် လူထုဘက်က ရပ်တည်မည်ဟု တက်ရောက် ဟောပြောသည့် ရဲတပ်သားတစ်ဦး ဖမ်းဆီးခံရ

မြိတ်တွင် လူထုဘက်က ရပ်တည်မည်ဟု တက်ရောက် ဟောပြောသည့် ရဲတပ်သားတစ်ဦး ဖမ်းဆီးခံရ

မြိတ်၊ ဖေဖော်ဝါရီ ၉

ပြည်သူ သိန်းချီ ပူးပေါင်း ပါဝင်သော အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် လူထုဘက်က ရပ်တည်သွားမည်ဟု ဆန္ဒပြပွဲတွင် လာရောက် ပူးပေါင်း ဟောပြောသည့် ရဲတပ်သား တစ်ဦးကို မြိတ်မြို့မရဲစခန်းမှ ဖမ်းဆီး အရေးယူခဲ့သည်။

အဆိုပါ ရဲတပ်သားသည် မြိတ်မြို့ ကမ်းနားလမ်းရှိ ဆီဗျူးကွန်ဒိုတွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေရာမှ ဆန္ဒပြပွဲသို့ ရောက်ရှိလာပြီး ၎င်းအမျိုးသမီးမှာလည်း ကျောင်းဆရာမ တစ်ဦး ဖြစ်သလို ပြည်သူဘက်က ရပ်တည်တာကြောင့် ကျွန်းတော်လည်း ပြည်သူ့ဘက်က ရပ်တည်သွားမှာ ဖြစ်ကြောင်း သပိတ် စစ်ကြောင်းတွင် လာရောက် ဟောပြောပြီး နာရီပိုင်းအကြာတွင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်သည်။

 မြိတ်မြို့မှာ ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုမှာ ဒေသခံပြည်သူ တစ်သိန်းကျော် ပါဝင်ခဲ့ကြပြီး ပညာရေးဝန်ထမ်းများ၊ ဥပဒေပညာရှင်အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊  မြေစာရင်းဦးစီးဌာန၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနဲ့ အခြားသော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ချို့ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly