မန္တလေးမှာ လူဖမ်းပွဲ ဆင်နွှဲနေ

မန္တလေးမှာ လူဖမ်းပွဲ ဆင်နွှဲနေ

မန္တလေးမြို့ ၃၈ လမ်းမှာ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုနေစဉ်မှာပဲ တောင်းဆိုနေကြသူများကို ထပ်မံဖမ်းဆီးမှုများဖြစ်နေခဲ့ပါတယ်

မနက်ပိုင်းကဖမ်းဆီးထားသူ သုံးဦးနဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့တောင်းဆိုနေတဲ့သူတွေမှာ လူအင်အားနဲတဲ့အုပ်စုထဲက သတင်းယူနေတဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးအပါအဝင် ၂၇ ဦး ခန့်ထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံပြည်သူတွေပါတဲ့အချုပ်ကားဟာ ပြန်ထွက်ဖို့လုပ်နေပြီး ပြည်သူတွေ ဝိုင်းတားထားကြပါတယ်။

၇၃ လမ်းကနေ ၇၈ လမ်းအထိ ဖောက်ထားတဲ့ ၃၈ လမ်းဟာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရဖွင့်လှစ်ပေးထားတဲ့လမ်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ ခေါ်ပါတယ်။ စစ်တပ်ဘေးနားကပ်လျက်မှာရှိတာပါ။ ဒီလမ်းပေါ်မှာ ၆ ရက်နေ့ထဲက ပြည်သူတွေဟာ တောက်လျှောက်ဆန္ဒပြတောင်းဆိုနေကြတာပါ။

မနေ့ညကနေစပြီး ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ပိတ်ထားပြီး ဒီနေ့မနက်အစောပိုင်းမှာတင် ဖမ်းဆီးတာတွေဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly