မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ကို ဖမ်းဆီးသွားပြန်

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ကို ဖမ်းဆီးသွားပြန်

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကို မနေ့ညကဖမ်းသွားတယ်လို့ သိရပါတယ်။

ဒီနေ့မှာ မနက်မှာ မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးကော်မတီဝင် ဦးဆောင်ပြီး စည်ပင်သာယာရေးကော်မတီကဝန်ထမ်းတွေ လမ်းပေါ်ထွက်မယ်ဆိုတဲ့သတင်းထွက်ပြီး မနေ့ညက ကော်မတီဝင် ဦးကျော်ဇေယျနဲ့ ဒေါက်တာရဲလွင်ကို ဖမ်းဆီးခဲ့တာပါ။

ဒေါက်တာရဲလွင်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ထဲက မြို့တော်ဝန်ရာထူးကနေ အနားယူခဲ့တာပါ။ ကော်မတီဝင်တွေဟာလည်း ရာထူးကနေ နှုတ်ထွက်ထားကြပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းတချို့ဟာ ရုံးမတက်ဘဲ ဆန္ဒထုတ်ဖော်ထုတ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly