မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျ အဖမ်းခံရ 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျ အဖမ်းခံရ 

မန္တလေး (မဇ္ဈိမ)။         ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျကို ယမန်နေ့ တနင်္လာနေ့ညသန်းခေါင်  ၁၂နာရီမှာ စစ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတချို့ထံက သိရပါတယ်။

ဦးကျော်ဇေယျဟာ စစ်အစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် တာဝန်မှနှုတ်ထွက်ထားသူတစ်ဦးဖြစ်ပါတယ်။

မနေ့ညက ၈နာရီလောက်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းတွေဟာ ဒီနေ့လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်မယ်လို့ သတင်းထွက်ပေါ်မှုတချို့ရှိပြီးနောက်မှာ ကော်မတီဝင်တချို့ကို လိုက်လံဖမ်းဆီးမှုတွေထွက်ပေါ်လာခဲ့ပါတယ်။

သတင်းတချို့အရ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုပါ ထပ်မံခေါ်ဆောင်သွားတယ်လို့သိရပြီး လက်ရှိအချိန်ထိတော့ ဒီသတင်းကို အတည်မပြုနိုင်သေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly