ရာထူးမှ ဖယ်ရှားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်လက်အောက်တွင် မြန်မာက တရုတ်ကို ပေးရမည့် ကြွေးမြီ ၂၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့

ရာထူးမှ ဖယ်ရှားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်လက်အောက်တွင် မြန်မာက တရုတ်ကို ပေးရမည့် ကြွေးမြီ ၂၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရလက်အောက်တွင် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုမှာ အားနည်းသွားကြောင်း အချက်အလက်များက ပြသနေသည်။ မြန်မာစစ်အစိုးရအနေဖြင့် အာဏာကို ချုပ်ကိုင်ထားသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးသည် စီးပွားရေးကို မြှင့်တင်ရန် စစ်တပ်ဦးဆောင်သည့် အစိုးရ၏ ကြိုးပမ်းမှုအတွက် သော့ချက်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သော အစိုးရလက်အောက်တွင် စီးပွားရေးသည် အနောက်နိုင်ငံများနှင့် ဆက်ဆံမှုကိုတိုးချဲ့ခဲ့ပြီး ရလဒ်အနေနှင့် တရုတ်နှင့် ကြွေးမြီများ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထို့အပြင် အနောက်နိုင်ငံများနှင့် ကုန်သွယ်မှု တိုးလာခဲ့ပြီး တရုတ်နှင့် ကုန်သွယ်ရေးလိုငွေပြမှု ကျဆင်းခဲ့သည်။

အကယ်၍ အမေရိကန်နှင့် ဥရောပက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လျှင် မြန်မာပြည်စီးပွားရေးအတွက် ကြီးမားသေား ထိုးနှက်ချက်ဖြစ်လိမ့်မည်။ အာဏာသိမ်း စစ်အစိုးရသည် Belt and Road Initiative မှတစ်ဆင့် ၎င်း၏သြဇာကို တိုးချဲ့နေသည့် တရုတ်နိုင်ငံသို့ တစ်ဖန်ပြန်လည် အာရုံစူးစိုက်နိုင်သည်။

၂၀၁၃ ခုနှစ်တွင် သမ္မတရှီကျင့်ဖျင်က အဆိုပြုထားသော ကြီးမားသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဆိုင်ရာ Belt and Road Initiative အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်းကို အရေးပါသောဒေသတစ်ခုအဖြစ် တရုတ်က ရှုမြင်ခဲ့သည်။

 ၂၀၁၃ ခုနှစ်မှစ၍  အာဆီယံ ၁၀ နိုင်ငံအတွက် BRI နှင့် သက်ဆိုင်သော ရန်ပုံငွေသည် အမေရိကန်ဒေါ်လာ ၃၀၄.၁ ဘီလီယံထိရှိခဲ့ပြီး ၎င်းတို့၏ နှစ်စဉ်ဘဏ္ဍာရေးအသုံးစရိတ်၏ ထက်ဝက်နှင့် ညီမျှသည်ဟု Refinitiv ၏အဆိုအရ  သိရသည်။

၎င်းတို့အနက် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် တရုတ်ကို အလွန်အမင်း အားကိုးအားထားပြုသည့် နိုင်ငံသုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံရှိ ရန်ပုံငွေသည် အင်ဒိုနီးရှား၏ သုံးပုံတစ်ပုံအောက်သာ ရှိသော်လည်း အရှေ့တောင်အာရှ နိုင်ငံကြီးသုံးခုစလုံးသည် တရုတ်ထံမှ နှစ်စဉ်ဘဏ္ဍာရေးအသုံးစရိတ်များထက် ၁.၆ မှ ၂ ဆ ပိုမိုများပြားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေများကို လက်ခံခဲ့သည်။

တရုတ်၏ ကြီးမားသော စီးပွားရေးလွှမ်းမိုးမှုကို မြန်မာနိုင်ငံတွင် အလွယ်တကူတွေ့နိုင်သည်။

မော်တော်ဆိုင်ကယ်များကို တားမြစ်ထားသည့် ရန်ကုန်တွင် နိုင်ငံသားများ ခရီးသွားသည့်အခါ များသောအားဖြင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ဘတ်စ်ကားများသည် မရှိမဖြစ် လိုအပ်သည်။ ဂျပန်၊ အမေရိကန်၊ ဥရောပတို့နှင့် ကုန်သွယ်မှု တိုးပွားလာသော်လည်း တရုတ်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု၏ ၃၀ရာခိုင်နှုန်းကျော်ရှိသည့် အကြီးဆုံးတင်သွင်းသူနှင့် တင်ပို့သူဖြစ်သည်။

 သို့သော် မြန်မာနိုင်ငံသည် ၎င်း၏ကြီးမားသော အိမ်နီးချင်းနိုင်ငံ၏ လွှမ်းမိုးမှုကိုမခံရန် တရုတ်နိုင်ငံနှင့် ဝေးကွာနေစွာနေခဲ့သည့် ကာလတစ်ခုရှိခဲ့သည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံသို့ တင်ရှိနေသောကြွေးမြီသည် ၂၀၁၉ ခုနှစ်အကုန်တွင် အမေရိကန်ဒေါ်လာ ၃.၃၄ ဘီလီယံ ရှိခဲ့ပြီး NLD အစိုးရအာဏာရမတိုင်မီ ၂၀၁၅ နှစ်ကုန်တွင် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဤအချက်သည် တစ်ချိန်တည်းမှာပင် ၇၂ရာခိုင်နှုန်းနှင့် ၃၄ရာခိုင်နှုန်း အသီးသီးတိုးလာသော အိမ်နီးချင်း လာအိုနှင့် ကမ္ဘောဒီးယားတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့အပြင် တရုတ်၏ ပြင်ပကြွေးမြီ၏ ဝေစုမှာ ၂၀၁၅ တွင် ၄၅ရာခိုင်နှုန်းမှ ၂၀၁၉ တွင် ၃၀ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။

အကယ်၍ တိုင်းပြည်က ပျက်ကွက်ပါက အရေးပါသော အခြေခံအဆောက်အအုံများကို ပေကျင်းသို့ လွှဲပြောင်းပေးရမည့် ကြွေးမြီထောင်ချောက်ထဲ ကျသွားနိုင်သည်။ မြန်မာနိုင်ငံသည် ၎င်းကို ကောင်းစွာ သတိပြုမိခဲ့သည်။

မူဝါဒအပြောင်းအလဲ၏ ဥပမာတစ်ခုမှာ အိန္ဒိယသမုဒ္ဒရာကို အပေါ်စီးမှမြင်နိုင်သည့် ကျောက်ဖြူတွင် ဆိပ်ကမ်းတည်ဆောက်ရန် ပြန်လည်ပြင်ဆင်ထားသော အစီအစဉ်ဖြစ်သည်။ ဆိပ်ကမ်းသည် ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ဆောင်သည့် ကီလိုမီတာ ၈၇၀ ရှိသည့် ပိုက်လိုင်း ၂ ခုနှင့် ဆက်သွယ်ထားသည်။ အကယ်၍ သင်္ဘောကြီးများသည် ဆိပ်ကမ်းသို့ ဝင်နိုင်လျှင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပထဝီနိုင်ငံရေးဆိုင်ရာ ဖိအားနေရာ မလက္ကာရေလက်ကြားကို မဖြတ်ဘဲ တရုတ်ပြည်တွင်းသို့ သယ်ယူပို့ဆောင်နိုင်သည်။

ဤစီမံကိန်း၏ အတိုင်းအတာကို အစပိုင်းတွင် အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံဖြင့် စီစဉ်ထားသော်လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အခြေခံသဘောတူစာချုပ် ချုပ်ဆိုချိန်တွင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံသို့ လျှော့ချခဲ့သည်။ စီမံကိန်း၏ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံ၏ တောင်းဆိုမှုအရ ပြောင်းလဲခဲ့ပြီး ဆိပ်ကမ်းအတွက် ဝယ်လိုအားသိသည်နှင့် တစ်ပြိုင်နက် ထပ်မံရင်းနှီးမြှုပ်နှံမှုများကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံအပေါ် စီးပွားရေးမှီခိုမှု လျှော့ချရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုသည် မလွယ်ကူလှပေ။

ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်တွင် ပိုမိုနက်ရှိုင်းလာသည့် ပြဿနာဖြစ်လာခဲ့သည့် ရိုဟင်ဂျာ မွတ်စလင်လူနည်းစုအား နှိပ်စက်ညှဉ်းပန်းမှုသည် နိုင်ငံခြားတိုင်းပြည်များမှ ဝေဖန်မှုများ ထွက်ပေါ်လာစေပြီး အနောက်နိုင်ငံကုမ္ပဏီများကလည်း တိုင်းပြည်တွင် ရင်းနှီးမြှုပ်နှံရန် သတိထားလာကြသည်။

ထို့အပြင် အမေရိကန်နှင့် ဥရောပတို့သည် စစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် စဉ်းစားနေကြသည်။ တိုင်းပြည်အတွင်း ကြီးမားသောစွန့်စားမှုများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တားဆီးလိမ့်မည်။ သောကြာနေ့တွင် ဂျပန်မှ Kirin Holdings က မြန်မာနိုင်ငံရှိ ဘီယာစက်ရုံ နှစ်ခုကို ရပ်ဆိုင်းတော့မည်ဟု ကြော်ငြာခဲ့သည်။

အကယ်၍ စစ်အစိုးရက ထပ်မံ ပယ်ထုတ်ခံရပါက နေပြည်တော်သို့ ချဉ်းကပ်ဖွယ်ရှိသည့် တိုင်းပြည်တစ်ခုမှာ သမိုင်းကြောင်းအရ ဆက်ဆံမှုရှိခဲ့သော၊ ပိတ်ဆို့မှုများကို သတိကြီးစွာထားသော တရုတ်နိုင်ငံဖြစ်သည်။
သို့သော် စစ်အစိုးရအနေဖြင့် လိုချင်သည်ကို ရနိုင်မည်လားဆိုသည်မှာ မသေချာပေ။

ပါတီအရင်းအမြစ်က Nikkei သို့ ပြောကြားခဲ့သည်။ လတ်တလောတွင် ပေကျင်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေသည်။ “ဆက်ဆံရေးကို ကြိုတင်ခန့်မှန်းနိုင်ပြီး အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဆီ ပြန်လှည့်ဖို့ဟာ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံစလုံးအတွက် တာဝန်တစ်ခုဖြစ်ပါတယ်” ဟု ကွန်မြူနစ်ပါတီ၏ Politburo အဖွဲ့ဝင်နှင့် တရုတ်ထိပ်တန်းသံတမန်ဖြစ်သော Yang Jiechi က အင်္ဂါနေ့တွင် ပြောကြားသွားသည်။

တရုတ်သည် မြန်မာအာဏာသိမ်းမှုနှင့် ကိုင်တွယ်ရာတွင် စောင့်ကြည့်ရေးမူဝါဒ ပိုမိုရှိသည်။ စစ်အစိုးရသည် အမေရိကန်နှင့် ဥရောပမှသာမက တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှုကို စွန့်စားလိမ့်မည်ဟု ဆိုလိုသည်။

အနောက်နိုင်ငံများနှင့် ဂျပန်သည် မြန်မာနိုင်ငံအား တရုတ်နိုင်ငံဘက်သို့ လှည့်မသွားအောင် တားဆီးပြီး တိုင်းပြည်အတွင်း ဒီမိုကရေစီကို အထောက်အကူပြုသည့် မူဝါဒတစ်ခု ချမှတ်ရန် ခက်ခဲသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly