စစ်ကောင်စီရာထူးကို ANP လက်ခံ၍ ပါတီဝင်တချို့ နှုတ်ထွက်

စစ်ကောင်စီရာထူးကို ANP လက်ခံ၍ ပါတီဝင်တချို့ နှုတ်ထွက်
Photo: ANP facebook page

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရာထူးကို ရခိုင်အမျိုးသားပါတီ(ANP) မှ ဒေါ်အေးနုစိန်လက်ခံသောကြောင့် ပါတီဝင်တချို့နှုတ်ထွက်ကြောင်း ဖေးစ်ဘွတ်လူမှုကွန်ရက်ပေါ်တွင် ရေးသားထားကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ANP ပါတီ၏ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရန် ဝင်ခဲ့သည့် ကိုထွန်းထွန်းနိုင်လည်းက ၎င်း၏ လူမှုကွန်ရက်ပေါ်တွင်ရေးသားထားသည်။

သူက လက်ရှိနိုင်ငံရေးအခင်းအကျင်းများကြောင့် ပါတီဝင်အဖြစ်နှုတ်ထွက်ကြောင်းတင်ထားသည်။ "စစ်အာဏာရှင်ကျရှုံးရေး၊ ဒီမိုကရေစီထွန်းကားရေးနှင့် စစ်အာဏာရှင်နှင့်အပေါင်းအပါများကို လက်ခံမည်မဟုတ်" ဟု ရေးသားထားသည်။

ပါတီဝင်တချို့ကလည်း နှုတ်ထွက်ကြောင်း တင်ပြီးနောက်၊ ပြန်လည်ဖြုတ်ချ သို့မဟုတ် only me လုပ်လိုက်သူများလည်းရှိသည်။ ယနေ့ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီက (ANP) ကအနိုင်ရရွေးကောက်ခံအမတ်များနှင့် ပါတီဗဟိုကော်မတီဝင်များပါဝင်သည့် ဗဟိုကော်မတီအစည်းအဝေးကို လာမည့် ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပရန်စာထုတ်ပြန်ထားသည်။

ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်ကလည်း ANP ပါတီအနေဖြင့်စစ်အာသိမ်းအစိုးရနှင့် မပူးပေါင်းသင့်ကြောင်း၊ လက်ခံထားသည့်ရာထူးကို ပြန်စဉ်းစားသင့်ကြောင်း ထုတ်ပြန်တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required