လူသန်းပေါင်းများစွာ လမ်းပေါ်သို့ ထွက်လာသဖြင့် တရုတ်နှစ်သစ်ကူးသည် ကိုဗစ်ထိန်းချုပ်မှုကို စမ်းသပ်

လူသန်းပေါင်းများစွာ လမ်းပေါ်သို့ ထွက်လာသဖြင့် တရုတ်နှစ်သစ်ကူးသည် ကိုဗစ်ထိန်းချုပ်မှုကို စမ်းသပ်

တရုတ်နိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများရှိ ရွှေ့ပြောင်းအလုပ်သမားများသည် ငြိမ်သက်စွာနေရန် အစိုးရ၏ အကြံပေးချက်များထားရှိသည့်တိုင် နှစ်သစ်ကူးပွဲတော်အတွက် နှစ်စဉ် အိမ်ပြန် ကန်တော့ခြင်း ခရီးစဉ်ကို စတင်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးအတွက် တရားဝင်ပိတ်ရက်သည် ခုနစ်ရက်ဖြစ်သော်လည်း ကြာသပတေးနေ့တွင် စတင်ခဲ့သော ရက်ပေါင်း ၄၀တာ ခရီးသွားကာလအတွင်း ပျမ်းမျှတစ်နေ့လျှင် လူ ၂၈.၈ သန်းသည် လမ်းနှင့် လေကြောင်းဖြင့် သွားလာမည်ဟု ခန့်မှန်းရသည်။

ကြာသပတေးနေ့တွင် အစိုးရသည် ကာလအတွင်း စီမံကိန်းအတွက် ခရီးသည် ၁.၅ ဘီလီယံမှ ခရီးသည် ၁.၁၅ ဘီလီယံအထိ ခရီးစဉ်ကို လျှော့ချခဲ့သည်။ ယင်းအရေအတွက်သည် ပြီးခဲ့သည့်နှစ်ကထက် ၂၀ရာခိုင်နှုန်း လျော့နည်းပြီး ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်း လျော့နည်းသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု များပြားနေမှုအကြား သိသိသာသာရှိနေဆဲဖြစ်သည်။

ကြာသပတေးနေ့တွင် နိုင်ငံတွင်း တွေ့ရှိမှုအသစ် ၅၂ခုရှိခဲ့ပြီး  ၃၆ ခုမှာ ဒေသတွင်းကူးစက်မှုများဖြစ်ပြီး ကျန်များမှာမူ ပြည်ပမှ ပြန်လာကြသူများ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း နေ့စဉ်ဖြစ်ပွားမှု ၁၀၀ ကျော်ဖြစ်ပွားမှုနှုန်းသည် ကျဆင်းနေခဲ့သည်။

သို့သော် အားလပ်ရက်ကာလအတွင်း ရောဂါကူးစက်မှုကို တားဆီးရာတွင် လူတို့အား ပါဝင်ရန် အရာရှိများက ဆက်လက်တောင်းဆိုခဲ့သည်။ “ခရီးသွားခြင်းကိုရှောင်ရှားခြင်းသည် ကာကွယ်ရေး ကြိုးပမ်းမှုများအတွက် အကြီးမားဆုံး အထောက်အပံ့ဖြစ်သည်”ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ Zhao Chenxin က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

 ဆောင်ရွက်ချက်များသည် ဒေသန္တရအစိုးရ တစ်ခုနှင့်တစ်ခု ကွဲပြားမှုရှိသော်လည်း အချို့သောအာဏာပိုင်များသည် ကိုဗစ်-၁၉ စစ်ဆေးမှုများနှင့် ၁၄ ရက်ကြာ ဟိုတယ်ကွာရန်တင်းအတွက် လိုအပ်ချက်များ အပါအဝင် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားသည်။

“ဒါဟာအလွန်စိတ်ပျက်စရာကောင်းပါတယ်။”ဟု ကြိုတင်ကာကွယ်ရေးအစီအမံများနှင့် ပတ်သက်ပြီး ရှန်ဟိုင်းအိမ်ဖော်တစ်ဦးဖြစ်သော Xia Li က ပြောကြားခဲ့သည်။ Xia သည် ကီလိုမီတာ ၂၈၀ ခန့်အကွာရှိ Anhui ပြည်နယ်တွင် သူမ၏မိသားစုနှင့်အတူ ကျင်းပခြင်းကို စွန့်လွှတ်ခဲ့သည်။ “၂၈ရက် ကွာရန်တင်းကို တတ်နိုင်မယ့် လစာပေးခွင့် မရှိဘူ၊ ကုန်ကျစရိတ်ကိုတော့ ပြောမနေပါနဲ့”ဟု သူမက ပြောကြားခဲ့သည်။

နွေဦးပွဲတော်ဟုလည်း လူသိများသော နှစ်သစ်ကူးသည် မိသားစ ပြန်လည်ဆုံဆည်းခြင်းအတွက် အခါသမယဖြစ်ပြီး တရုတ်လူများများအတွက် အထူးသဖြင့် Anhui တွင် ကလေးနှစ်ယောက်ရှိသော်လည်း အိမ်မပြန်ရသည်မှာ နှစ်နှစ်ရှိပြီဖြစ်သော Xia ကဲ့သို့ ရွှေ့ပြောင်းလုပ်သား ၂၈၆သန်းအတွက် အရေးအကြီးဆုံး အားလပ်ရက်ဖြစ်သည်။

 ယာဉ်မောင်း Zheng Kang သည် Wuhan သို့ပြန်ရန် လွန်ခဲ့သော ၂ လက စိတ်ဆုံးဖြတ်ခဲ့သည်။

“ပွဲလမ်းသဘင်ရာသီမှာ အလုပ်နည်းနည်းပဲရှိတယ်”ဟု Zheng က ရှန်ဟိုင်းရထားဘူတာရုံတွင် ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ကနဦးဖြစ်ပွားမှုနှင့် မတူဘဲ အစိုးရသည် စီးပွားရေးပြန်လည်ထူထောင်ရေးကို အဟန့်အတားဖြစ်စေခြင်းအား ရှောင်ရှားရန် ခရီးသွားလာခြင်းကို လုံးဝပိတ်ဆို့ထားခြင်းမပြုပေ။ သို့သော် လူများ၏ အစုလိုက်အပြုံလိုက်လှုပ်ရှားမှုသည် လူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း ပါဝင်သော လက်ရှိထိန်းချုပ်မှု အစီအမံများကို စမ်းသပ်လိမ့်မည်။

 အဆိုပါဆေးထိုးမှု အစီအစဉ်သည် နောက်ကျနေဟန်ရှိသည်။ အရာရှိများအနေဖြင့် နှစ်သစ်ကူးတွင် လူပေါင်းသန်း ၅၀ ခန့် အထူးသဖြင့် အန္တရာယ်မြင့်မားသော ကဏ္ဏများတွင် အလုပ်လုပ်နေသောသူများအား ဆေးထိုးနှံလိုကြောင်း ပြောကြားခဲ့သည်။ သို့သော် အစိုးရ၏ အချက်အလက်များအရ အင်္ဂါနေ့အထိ ဆေးပမာဏ ၂၂.၈ သန်းသာ သုံးစွဲခွင့်ပေးခဲ့သည်။ ၁၄ ရက်တာကာလအတွင်း လူတစ်ဦးစီသည် ၂ ကြိမ်ထိုးရန်လိုသောကြောင့်လူပေါင်း ၁၁.၄ သန်း ကာကွယ်ဆေးထိုးခံနေရသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်ထိ ကာကွယ်ဆေး အပြည့်အဝ မရရှိနိုင်ကြောင်း၊ ယခုနှစ်အကုန်တွင် ဆေးပမာဏ ၈၅၀ သန်းကို ထိုးနှံမည်ဟု ပေကျင်းအခြေစိုက် စီးပွားရေးသုတေသနကုမ္ပဏီ Trivium က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly