စစ်အုပ်စုရဲ့ အာဏာသိမ်းဗိုလ်ကျမှုကို ဒဂုံတက္ကသိုလ်ကဆရာ၊ဆရာမတွေနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် လူဦးရေ ၂၀၀ကျော် စုစည်းပြီးတော့ ကန့်ကွက်ရှုတ်ချပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။
ဆရာ၊ ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေက "ဒီမိုကရေစီရရှိရေး ဒို့အရေ” "စစ်အာဏာရှင် အလိုမရှိ" ဆိုပြီးကြွေးကြော်ခဲ့ကြပါတယ်။