အာဏာသိမ်းဗိုလ်ကျမှုကို ဒဂုံတက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားသမဂ္ဂများ ရှုတ်ချ

05 February 2021
အာဏာသိမ်းဗိုလ်ကျမှုကို ဒဂုံတက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားသမဂ္ဂများ ရှုတ်ချ

စစ်အုပ်စုရဲ့ အာဏာသိမ်းဗိုလ်ကျမှုကို ဒဂုံတက္ကသိုလ်ကဆရာ၊ဆရာမတွေနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် လူဦးရေ ၂၀၀ကျော် စုစည်းပြီးတော့ ကန့်ကွက်ရှုတ်ချပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။ 

ဆရာ၊ ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေက "ဒီမိုကရေစီရရှိရေး ဒို့အရေ” "စစ်အာဏာရှင် အလိုမရှိ" ဆိုပြီးကြွေးကြော်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly