ဆိုးလ်မြို့မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေက မြန်မာအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ

ဆိုးလ်မြို့မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေက မြန်မာအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ
Photo - AFP

ဖေဖော်ဝါရီ ၅

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ တသားတည်း ရှိကြောင်း ပြသတဲ့အနေနဲ့ တောင်ကိုရီးယား ကျောင်းသား၊ ကျောင်းသူ တက်ကြွလှုပ်ရှားသူ အဖွဲ့တစ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၅ ရက်က ဆိုးလ်မြို့မှာ ရှိတဲ့ မြန်မာသံရုံးဆီ ချီတက်ခဲ့ကြပါတယ်။

“ဒီမိုကရေစီမှာ သေနတ်တွေ၊ ဓားတွေ မကိုင်ပါဘူး” လို့ မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အဆိုပါ ဒီမိုကရေစီလိုလားတဲ့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက ပြောခဲ့ပါတယ်။

“အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သဘောထားထုတ်ဖော်မှုတွေ လုပ်ဆောင်နေခဲ့ကြတဲ့ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေကို ထောက်ခံကြောင်း ပြသဖို့အတွက် ကျွန်မတို့ ဒီနေ့ ဒီနေရာကို ရောက်လာခဲ့ကြတာပါ” လို့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ လီ ဆိုးလာက ပြောပါတယ်။

“မြန်မာနိုင်ငံက ပြည်သူတွေအတွက် ထောက်ခံကြောင်း တောင်ကိုရီးယားအစိုးရကလည်း ပြသထားပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် ထုတ်ပြန်ချက်တစ်ခုလောက်နဲ့ မလုံလောက်ပါဘူး၊ သူတို့အနေနဲ့ ဒီထက်ပိုတဲ့ အစီအမံတွေ၊ လုပ်ဆောင်ချက်တွေနဲ့ လုပ်ဖို့ လိုပါတယ်” လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly