တပ်မတော်ရဲ့ ဝင်ငွေရ လမ်းကြောင်းတွေကို သပိတ်မှောက်ဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တိုက်တွန်း 

တပ်မတော်ရဲ့ ဝင်ငွေရ လမ်းကြောင်းတွေကို သပိတ်မှောက်ဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တိုက်တွန်း 
Photo - AFP

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောင်ခြင်းက အမှန်တကယ်ထိရောက်တဲ့ နည်းဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ 

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့က ပြည်သူတို့ ပန်ကြားချက်မှာ တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။ 

သပိတ်မှောင်ခြင်းဆိုရာမှာ ဝန်ထမ်းများရဲ မနာခံ အာခံလှုပ်ရှားမှုများက အုပ်ချုပ်ရေး ယန္တရားကို နှေးကွေးရပ်တန့်ပြီး သုံးမရတော့်မယ့်အခြေအနေကို စိုက်ရောက်စေပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တို့ရဲ ဝင်ငွေလမ်းကြောင်းတွေကို ရိုက်ချိုးတဲ့ နည်းဖြစ်ပါတယ်။ သူတို့ရဲ့ ဘီယာ၊ စီးကရက်၊ တယ်လီဖုန်းဆင်းကတ်မှအစ ရုပ်သံလိုင်းအဆုံး အားလုံးကို မသုံးစွဲခြင်း၊ ရောင်းချသည့်ဆိုင်တွေကို သပိတ်မှောက်ခြင်းကလည်း အမှန်တကယ်ထိရောက်တဲ့နည်းလမ်းဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly