ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက်ကို အလှည့်ကျ တာဝန်ယူထားတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဘာဘရာ ဝုဒ်လမ် ဦးဆောင်မှုနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အခြားအဖွဲ့ဝင်တွေကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ပါဝင်ပတ်သက်မှုရှိတဲ့ ချမှတ်ချက် တစ်ရပ်ချက်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူလူထု၊ စာနယ်ဇင်းသမားတွေနဲ့ မီဒီယာတွေကို ကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ပေးဖို့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထောက်ပံ့ရေး လေယာဉ်ကိုလည်း အသင့်ပြင်ထားဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။