စစ်အစိုးရပေးသော ဝန်ကြီးနေရာကို လည်/ဆည်အတွင်းဝန်ဟောင်း ငြင်း

စစ်အစိုးရပေးသော ဝန်ကြီးနေရာကို လည်/ဆည်အတွင်းဝန်ဟောင်း ငြင်း

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

YANGON - လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဝန်ကြီးဌာန၏ အတွင်းဝန် ဒေါက်တာတင်ထွဋ်အား စစ်အစိုးရက ပြည်ထောင်စုဝန်ကြီးနေရာကမ်းလှမ်းသော်လည်း ရာထူးလက်မခံလိုက်ကြောင်း မိသားစုဝင် များနှင့် လုပ်ဖော်ကိုင်ဖက်များက လူမှုကွန်ရက်ပေါ်တွင် ရေးသားထားကြသည်။

စစ်အစိုးရပေးသော ပြည်ထောင်စုဝန်ကြီးနေရာကို ငြင်းဆိုသော ဒေါက်တာတင်ထွဠ်သည် ပထမဆုံးသောနိုင်ငံတကာဘွဲ့ရ စကော်လာတစ်ဦးဖြစ်လာသည်။ ဒေါက်တာတင်ထွဋ်သည် ရေဆင်းတက္ကသိုလ်ဘွဲ့ရဖြစ်ပြီး၊ ဘွဲ့လွန်မာစတာ ဒီဂရီကို အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတက္ကသိုလ်တွင် အဆင့်မြင့်စိုက်ပျိုးရေး ဘာသာရပ်ဖြင့် ရရှိထားသူဖြစ်ကြောင်း AIDF ASIA SUMMIT ၏ ဖော်ပြချက်အရသိရသည်။

ထို့အပြင် နိုင်ငံတကာ ဆန်သုတသနအဖွဲ့ International Rice Research Institute (IRRI) အဖွဲ့တွင် ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ Los Banos တက္ကသိုလ်တွင် ၁၉၉၆-၂၀၀၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၎င်း၏ သုတသနကို IRRI အဖွဲ့က ဆန်သုတသန နယ်ပယ်တွင် အင်မတန်ထူးချွန်
ပြောင်မြောက်သူအဖြစ် အသိမှတ်ပြခြင်းခံရသူလည်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီး ဝန်ကြီးဌာန၏ အတွင်းဝန်အဖြစ်၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ခန့်အပ်ခံခဲ့ရသူလည်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required