မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်ဖို့ အမေရိကန် စဉ်းစားနေလို့ ဘိုင်ဒင်ရဲ့ အကြံပေး ပြော

မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်ဖို့ အမေရိကန် စဉ်းစားနေလို့ ဘိုင်ဒင်ရဲ့ အကြံပေး ပြော
Photo - AFP

ဖေဖော်ဝါရီ ၅

အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက စဉ်းစားနေပြီဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

ယခုအပတ်ထဲ မြန်မာနိုင်ငံမှာ စစ်တပ်က သွေးထွက်သံယိုမှုမရှိတဲ့ အာဏာသိမ်းမှုနဲ့အတူ အရပ်သားခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့တဲ့နောက်ပိုင်း မြန်မာစစ်တပ်ထံ ဘဏ္ဍာရေး အထောက်အပံ့တွေ စီးဝင်စေလျက်ရှိတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အထူးပစ်မှတ်ထား ဆန်ရှင်ချမှတ်မှုတွေ လုပ်ဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော်က ဖေဖော်ဝါရီ ၄ ရက်မှာ ပြောပါတယ်။

“သေချာမပြင်ဆင်ရသေးခင် အဆောတလျင် မလုပ်ဘဲနဲ့ ကျွန်တော်တို့အနေနဲ့ စစ်တပ်ကို ကြွယ်ဝချမ်းသာစေတဲ့ စစ်တပ်ထိန်းချုပ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းအပေါ် အထူးပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူဖို့ ကျွန်တော်တို့ စဉ်းစားသုံးသပ်နေပါတယ်” လို့ အမေရိကန်သမ္မတ ဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မြန်မာမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ယင်းနိုင်ငံနဲ့ပတ်သက်လို့ အရေးယူဒဏ်ခတ်မှု အစီအစဉ်တစ်ရပ် လုပ်ဆောင်ရေးအတွက်လည်း ကွန်ဂရက်မှာ နိုင်ငံရေးပါတီနှစ်ရပ်စလုံးရဲ့ စစ်မှန်တဲ့ ထောက်ခံမှု ရှိနေကြောင်း ဆူလီဗန်က ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly