စစ်အာဏာရှင်ဆန့်ကျင်ရေးစားသားများ ဖေ့ဘွတ်ပေါ်မှာ ရေးသားတဲ့ ရဲတပ်သား၂ဦးဖမ်းဆီးခံရ

By ဟန်ထူးဇော်
05 February 2021
စစ်အာဏာရှင်ဆန့်ကျင်ရေးစားသားများ ဖေ့ဘွတ်ပေါ်မှာ ရေးသားတဲ့ ရဲတပ်သား၂ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ စစ်အုပ်ချုပ်ရေးအောက်မှာ မလုပ်နိုင်ဘူးဆိုပြီး ဆန့်ကျင်စာတွေကို ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တဲ့ ရဲဝန်ထမ်းညီအကို၂ဦးကို ဖေဖော်ဝါရီလ၃ရက်နေ့မှာ ကြံခင်းမြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါတယ် "ကျနော့်သား၂ယောက်က စစ်အုပ်ချုပ်ရေးအောက်မှာ မလုပ်နိုင်ဘူး ပြည်သူတွေအတွက်ဘဲလုပ်မယ်လို့ပြောတယ် အဲ့ဒီအတွက် သားအကြီးက နုတ်ထွက်စာ အဲ့နေ့က တင်တယ်ပေါ့နော် လူငယ်တွေဆိုတော့လဲ သူတို့စိတ်ခံစားချက်အတိုင်းရေးတာပေါ့ ဖေ့ဘွတ်မှာ အဲ့ဒါကို ညဖက်ဂျူတီကျတဲ့အချိန် ဖမ်းလိုက်တာလို့သိရတယ် မနက်ကျတော့ အဖမ်းခံရတာ အိမ်ကိုလဲအကြောင်းမကြားဘူး နေပြည်တော်က တူမတစ်ယောက်ပြောလို့သိတာ သိသိချင်း စခန်းလိုက်သွားတော့ စခန်းမှုးက ကျနော်တို့သား၂ယောက်ကို တွေ့ခွင့်မပေးဘူး ကိုဗစ်ကြောင့်လို့ အကြောင်းပြတယ်ဗျာ"လို့ ဖခင်ဖြစ်သူ ဦးသန့်ဇင်ကပြောပါတယ် ညီအကို၂ယောက် အဖမ်းခံရတဲ့အပေါ်ဖခင်ဖြစ်သူက စခန်းမှူးကိုမေးမြန်ရာမှာတော့ ရဲဝန်းထမ်းက နိုင်ငံရေးပါတီကင်းရှင်းရမှာကို မကင်းရှင်းတဲ့အတွက် အခုလို ဖမ်းဆီးလိုက်တာလို့ပြောတယ်လို့သိရပါတယ်။

အဲ့ဒီ ရဲတပ်သားညီအကို၂ဦးက ဧရာဝတီတိုင်း ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာမှာနေထိုင်တာဖြစ်ပြီး အကိုဖြစ်သူ သူရိန်လင်းက ရဲဝန်ထမ်းလုပ်သက် ၇နှစ်ရှိပြီ ဖြစ်ပြီး ညီဖြစ်သူ ဒုတပ်ကြပ်တာရာလင်းကတော့ ရဲဝန်ထမ်း၄နှစ်ရှိပြီ ဖြစ်ပါတယ် ဖခင်ဖြစ်သူဦးသန်းဇင်ကလဲ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပါတယ်။

 

စစ်တပ်ကအာဏာသိမ်းပြီးနောက်ရက်မှာ စစ်အုပ်ချုပ်ရေးလက်အောက်မှာ မလုပ်နိုင်ဘူးဆိုပြီး အလုပ်ထွက်ခဲ့ပြီး အခုအချိန်အထိ သူ့သား၂ဦးကိုတွေ့ခွင့်မရသေးတာကြောင့် စိုးရိမ်နေတယ်လို့ပြောပါတယ် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကြံခင်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည် ဆက်သွယ်လို့မရခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly