သပိတ်မှောက်ဆန္ဒပြနည်းမျိုးစုံဖြင့် စစ်အာဏာသိမ်းမှုကို တိုက်ဖျက်ရန် ၈၈ ငြိမ်းပွင့်အဖွဲ့ ပြည်သူကို ပန်ကြား

သပိတ်မှောက်ဆန္ဒပြနည်းမျိုးစုံဖြင့် စစ်အာဏာသိမ်းမှုကို တိုက်ဖျက်ရန် ၈၈ ငြိမ်းပွင့်အဖွဲ့ ပြည်သူကို ပန်ကြား

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

စစ်အာဏာသိမ်းမှုကို တိုက်ဖျက်ရန် သပိတ်မှောက်ဆန္ဒပြနည်းလမ်းပေါင်းစုံလိုအပ်ပြီး တစ်ခုနှင့် တစ်ခု ဟန်ချက်ညီရန် ပူးပေါင်းချိတ်ဆက်လှုပ်ရှားကြရမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့က လက်မှတ်ရေးထိုးကာ ပြည်သူသို့ ပန်ကြားစာထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်တွင် စတစ်ကာလှုပ်ရှားမှုဆန္ဒပြမှုများ၊ သံပုံးတီးတောခြောက်ခြင်းများ၊ စစ်အုပ်စုလက်အောက်တွင် အမှုမထမ်းလိုသည့်အတွက် နှုတ်ထွက်ခြင်း၊ ဖဲကြိုးနီတပ်ဆန္ဒပြခြင်း စသဖြင့် စစ်အာဏာသိမ်းမှုကို အာခံငြင်းဆန်သည့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေကြသူများကို လေးစားဂုဏ်ပြုကြောင်း လည်း ရေးသားထားသည်။

“သပိတ်မှောက်ခြင်းဆိုရာ၌ ဝန်ထမ်းများ၏ မနာခံအာခံလှုပ်ရှားမှုများက အုပ်ချုပ်ရေးယန္တရားကို နှေးကွေးရပ်တန့်စေပြီး သုံးမရတော့မည့် အခြေအနေအထိ ဆိုက်ရောက်စေပါမည်။ နောက်တစ်မျိုးကတော့ စစ်အာဏာရူး အုပ်စု ဝင်ငွေလမ်းကြောင်းကို ရိုက်ချိုးသည့် နည်းဖြစ်ပါသည်။ သူတို့၏ ဘီယာ၊ စီးကရက်၊ တယ်လီဖုန်း ဆင်းကဒ် မှအစ ရုပ်သံလိုင်းအဆုံး အားလုံးကို မသုံးစွဲခြင်း၊ ရောင်းချသည့် ဆိုင်ကို သပိတ်မှောက်ခြင်းတို့ကလည်း အမှန်ထိရောက်ပါသည်” ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly