အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ တစ်သားတည်းရှိကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် ပြော  

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ တစ်သားတည်းရှိကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် ပြော  
Photo - AFP

ဖေဖော်ဝါရီ ၄ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်အနေနဲ့ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေဆဲဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ပန်ဂျစ်ကော်တေ  ဖေဖော်ဝါရီ ၄ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  

အာဏာသိမ်းမှုက ထိုင်း-မြန်မာနယ်စပ်ကို ကာကွယ်စောင့်ရှောက်တဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်မဖြစ်ဘူးလို့လည်း ထပ်လောင်းပြောဆိုပါတယ်။  

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နာရွန်ပန် က " မြန်မာ့စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး။ ဒါ နိုင်ငံရေးကိစ္စပါ။ ကျွန်တော်တို့ တပ်မတော်တွေက စစ်ရေးကိစ္စအကြောင်းပဲ ပြောကြတာပါ။ ကျွန်တော်တို့ဟာ အထူးသဖြင့် မြန်မာနယ်စပ်တစ်လျှောက်နဲ့ ထိုင်းနိုင်ငံအတွင်းမှာ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် မြန်မာနဲ့ထိုင်းအကြား စစ်ရေးအရဆက်ဆံမှုနဲ့ပတ်သက်ပြီး တစ်သားတည်းပါပဲ။ မြန်မာနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်" လို့ပြောပါတယ်။  

ထိုင်းကာကွယ်ရေးဦးစီးချုပ်က နယ်စပ်နှစ်ဖက်စလုံးမှာရှိတဲ့ ပြည်သူတွေလုံခြုံရေးနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေကို ကိုင်တွယ်ဖြေရှင်းရင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ကပြောပါတယ်။  

"နှစ်နိုင်ငံစလုံးက ပြည်သူတွေကလည်း အမြဲတမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး ကျေးရွာတွေမှာ အတူဝေမျှနေထိုင်ကြပါတယ်။ လှုပ်ရှားမှုအများအပြားကို အတူတကွလုပ်ဆောင်ကြတယ်" လို့ နာရွန်ပန် ဂျစ်ကော်တေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly