စစ်အစိုးရ အာဏာစွန့်ရန် ရန်ကုန်တိုင်းအမတ်များ တောင်းဆို

စစ်အစိုးရ အာဏာစွန့်ရန် ရန်ကုန်တိုင်းအမတ်များ တောင်းဆို
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်။

အနိုင်ရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မတရားသဖြင့် ရယူထားသော အာဏာကို ပြန်စွန့်လွှတ်ရန်နှင့် ရွေးကောက်ပွဲအနိုင်ရခဲ့သော NLD ပါတီကို ပြန်လည်လွဲပြောင်းပေးရန် စစ်အစိုးရကို ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်တောင်းဆိုသည်။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူများအားလုံးကို လွှတ်ပေးရန် ထပ်မံတောင်းဆိုထားသည်။  

ထုတ်ပြန်ချက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၉၀ ဦး လက်မှတ်ရေးထိုးတောင်းဆိုသော ၃ ရက်နေ့ပါ ထုတ်ပြန်ချက်အတိုင်း လွှတ်တော်ပြန်လည်ခေါ်ဆိုရန်လည်း ပါရှိသည်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly