မြန်မာစစ်အာဏာသိမ်းမှု နိုင်ငံတကာတုန့်ပြန်မှုမတူညီ 

04 February 2021
မြန်မာစစ်အာဏာသိမ်းမှု နိုင်ငံတကာတုန့်ပြန်မှုမတူညီ 

တနင်္လာနေ့တုန်းက စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်အစိုးရက တရားစွဲဆိုပြီး ချုပ်ရမာန်ယူထားတဲ့သတင်း ထွက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ချုပ်ရမာန် ၁၄ ရက်ပေးလိုက်ကြောင်း ခိုင်လုံတဲ့သတင်းအရ သိရတယ်လို့ NLD ပါတီ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးရဲ့ဖေ့ဘုတ်မှာ ရေးထားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို  ဖယ်ရှားပြီး စစ်တပ်က အာဏာရယူလိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုန့်ပြန်မှုတွေ မတူညီတာတွေရှိပါတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုက ပြင်းပြင်းထန်ထန်ဝေဖန်ပေမယ့်၊ တရုတ် ဂျပန် စတဲ့ အာရှနိုင်ငံတွေကတော့ သတိနဲ့ချည်းကပ် တုန့်ပြန်နေကြပါတယ်။ နန်းလောင်ဝ်ကတင်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly