ချယ်လ်ဆီးကို ကိုင်တွယ်ရတာ အရမ်းကြီး မခက်ခဲပါဘူး - မော်ရင်ဟို

ချယ်လ်ဆီးကို ကိုင်တွယ်ရတာ အရမ်းကြီး မခက်ခဲပါဘူး - မော်ရင်ဟို
Photo: EPA

ဟိုဆေး မော်ရင်ဟိုက သူနဲ့ အခြားနည်ပြတွေဟာ မကြာသေးခင်ရာသီတွေက စတန့်ဖို့ဒ်ဘရစ်ချ်မှာ ဆုဖလားတွေ ဆွတ်ခူးပေးခဲ့တာကြောင့် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရတာ အလွန်ခက်ခဲမနေဘူးလို့ ယုံကြည်နေပါတယ်။ 

စပါးအသင်းဟာ လန်ဒန်မြောက်ပိုင်းမှာ အပြာရောင်ခြင်္သေ့တွေကို လက်ခံကစားရတော့မယ့်အချိန်မှာ မော်ရင်ဟိုဟာ ချယ်လ်ဆီးနည်းပြသစ် တူချယ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပါလိမ့်မယ်။ 

ပေါ်တူဂီသားနည်းပြကြီးဟာ ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းကနေ ချယ်လ်ဆီးကို ရောက်ရှိပြီးနောက် အသင်းးနဲ့ နှစ်ကြိမ်တိုင်တိုင် လမ်းခွဲခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား သုံးကြိမ် ရယူပေးပြီး စတန့်ဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့နာမည်ကို ရေးထိုးခဲ့ပါတယ်။ 

ဒါပေမယ့် မော်ဟင်ဟိုဟာ သူက ချယ်လ်ဆီးအသင်းကို လိဂ်ဖလားကို ရယူပေးနိုင်တဲ့ တစ်ယောက်တည်းသော နည်းပြ မဟုတ်ဘူးလို့လည်း သူ့ရဲ့အသင်းဟောင်းနဲ့ ပြန်လည် မတွေ့ဆုံခင် ဆိုပါတယ်။ 

"ကျနော်ကတော့ ချယ်လ်ဆီးအသင်းကို နည်းပြရတာ အလွန်ခက်ခဲတယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်က သုံးကြိမ်ချန်ပီယံဖြစ်ခဲ့တယ်။ (ကာလို့စ်) အန်ဆယ်လော့တီနဲ့ အန်တိုနီယို ကွန်တီကလည်း တစ်ကြိမ်စီချန်ပီယံဖြစ်ခဲ့လို့ပါ။ ဒါ့ကြောင့် ဒါဟာ အလွန့်အလွန်ကို မခက်ခဲနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ အဲ့ဒီမှာ ဆုဖလာားတွေ ရယူနိုခဲ့လို့့ပါ။"လို့ မော်ရင်ဟိုက ပြောပါတယ်။ 

"ချယ်လ်ဆီးအသင်းဟာ အမြဲတမ်း ကောင်းမွန်တဲ့ ကစားသမားတွေ၊ ကောင်းမွန်တဲ့ လူစာရင်းနဲ့ နည်းပြကောင်းတွေဟာ ဒီကလပ်နဲ့အတူ ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်ကြပါတယ်။ အသင်းမှာ ရှိတဲ့ ကစားသမားတွေဟာ ဆုဖလားတွေရဖို့ အခွင့်အရေးကောင်းတွေ ပေးပါတယ်။" 

တော့တင်ဟမ်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာက ချယ်လ်ဆီးနဲ့ ရမှတ်တူ အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့် လက်ကျန်ပွဲတစ်ပွဲကစားဖို့ ရှိနေတာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly