နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ထဲ ဒေါ်အေးနုစိန်ပါဝင်လာ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ထဲ ဒေါ်အေးနုစိန်ပါဝင်လာ 

 ဖေဖော်ဝါရီလ ၄ ၊ ၂၀၂၁

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဉက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ထဲမှာ ရခိုင်အမျိုးသားပါတီက ဒေါ်အေးနုစိန်နာမည်လည်းပါဝင်လာပါတယ်။ 

ဖေဖော်ဝါရီ ၃  ရက်နေ့ညပိုင်းထုတ်ပြန်ချက်အရ နဂိုရှိရင်းစွဲကောင်စီဝင် ၁၁ ယောက်ရှိနေတာကနေ ဒေါ်အေးနုစိန်အပါအဝင် နောက်ထပ်ကောင်စီဝင် ၅ ယောက်ပေါင်းထည့်ခဲ့တာပါ။ 

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးအထိရှိသွားပြီလည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) ဒုဉက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အေးနုစိန်အပါအဝင် ပါတီခေါင်းဆောင်တချို့ကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ပြန်လည်မဖြေဆိုခဲ့ပါဘူး။ 

ANP ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်အတွင်းမြို့နယ် အတော်များများမှာ NLD နဲ့အပြိုင်အနိုင်ရထားတဲ့ပါတီဖြစ်ပြီး လူထုထောက်ခံမှုလည်းအတော်အတန်ရရှိထားတဲ့ ပါတီကြီးဖြစ်ပါတယ်။ 

ကောင်စီမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဉက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုတိယဉက္ကဋ္ဌနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အတွင်းရေးမှူးအဖြစ်တာဝန်ထားကြတာပါ။ 

အဖွဲ့ဝင်တွေထဲမှာ အရင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖဒိုမန်းငြိမ်းမောင်နဲ့ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေတို့လည်းပါဝင်နေပါတယ်။ 

ဒါကြောင့်ပဲ ဖဒိုမန်းငြိမ်းမောင်မှာ မိမိတို့အဖွဲ့အစည်းကနေ နှုတ်ထွက်ပြီးဖြစ်လို့ KNU နဲ့မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required