ဖေ့စ်ဘွတ်ကို ၄ ရက်ကြာ ယာယီရပ်ဆိုင်းထားဖို့ အစိုးရညွန်ကြား

ဖေ့စ်ဘွတ်ကို ၄ ရက်ကြာ ယာယီရပ်ဆိုင်းထားဖို့ အစိုးရညွန်ကြား
Photo - AFP

ဖေဖော်ဝါရီ ၄

ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ အသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းထားဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆက်သွယ်ရေး အော်ပရေတာတွေထံ ဗုဒ္ဓဟူးနေ့မှာ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

ဖေ့စ်ဘွတ်အသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းရေးအတွက် မိုဘိုင်းဆက်သွယ်ရေးကော်ပရေတာများ၊ International Gateway ဆောင်ရွက်ခွင့် ရရှိသူတွေနဲ့ ISP (Internet Service Provider) လုပ်ကိုင်ခွင့်ရရှိထားသူတွေကို အကြောင်းကြားစာ ပေးပို့ထားတာလည်း ဖြစ်ပါတယ်။

လတ်တလောကာလအတွင်း အဖျက်အမှောက် ဆောင်ရွက်သူတွေဟာ ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာမှာ လူအများအထင်အမြင် လွဲမှားစေမယ့် အကြောင်းအရာတွေကို သွေးထိုးလှုံဆော်တာ၊ သတင်းမှားဖြန့်ဝေတာတွေကို ပြုလုပ်လာနိုင်ပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်တဲ့အတွက် ယာယီရပ်ဆိုင်းဖို့ ညွန်ကြားရတာ ဖြစ်တယ်လို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ကြာသပတေးနေ့ မနက်ပိုင်းကစလို့ အော်ပရေတာတချို့က ဖေ့စ်ဘွတ်အသုံးပြုခွင့်ကို စတင်ပိတ်လိုက်တဲ့အတွက် ဖေ့စ်ဘွတ်ကို အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly