ရန်ကုန်ဆေးရုံကြီး၊ အ​ရေး​ပေါ်ဌာန ​ရောက်ရှိလာ​သည့်လူနာအားလုံးကို ​ဆေးကုသ​ပေးမည်

ရန်ကုန်ဆေးရုံကြီး၊ အ​ရေး​ပေါ်ဌာန ​ရောက်ရှိလာ​သည့်လူနာအားလုံးကို ​ဆေးကုသ​ပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ဆူပူမှုများကြောင့် ​ရောက်လာသည့် လူနာများနှင့် စစ်အစိုးရ ထောက်ခံအားပေးသူများကို လက်ခံကုသ​ပေးမည်မဟုတ်ဆိုသည့် စာသားများ ထည့်သွင်းရေးသားထားသော ထုတ်ပြန်ချက်မှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ထုတ်ပြန်ထားခြင်းမဟုတ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောသည်။

မည်သည့်အကြောင်းကြောင့် ဖြစ်စေ ရန်ကုန်​ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့် လူနာမှန်သမျှကို လက်ရှိ ကျန်ရှိ​နေသော ဝန်ထမ်းများက ကုသပေးသွားမည်ဟု ၎င်းက ဆိုသည်။

“အဲ့လိုတွေ ကျွန်တော်တို့က ဘယ်လုပ်လို့ရမလဲ ဆရာဝန်က လူနာကို လူနာလို့ပဲ သတ်မှတ်တာလေ တင်တဲ့အဖွဲ့တွေကိုလဲ တင်ချင်ရင် အဲ့တာလေးကို ဖြုတ်ပြီး ပြန်ပြောင်းတင်ဖို့ ပြောထားပါတယ်”

အဆိုပါ ထုတ်ပြန်ချက်ကို အရေးပေါ်ဌာနရှိ လုပ်ငန်းခွင်မဝင်သည့် စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှု ကမ့်ပိန်းကို အားပေးထောက်ခံသည့် ဆရာဝန်များက တင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များအနေဖြင့် လုပ်ငန်းခွင်မဝင်သည့် စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံပြီး တစ်သားတည်းရှိကြောင်း ရေးသားထားသည်။

လတ်တလော အခြေအနေများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနရှိ လုပ်ငန်းခွင်သို့မလာသည့် ဆရာဝန်စာရင်းအတိအကျကို မတွက်ချက်ရသေးသော်လည်း ဆရာဝန်အရေအတွက်လောက်ငှမှု ရှိသည်ဟု အရေးပေါ်ဌာန တာဝန်ခံ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly