စစ်တပ်အာဏာသိမ်းတာကိုမထောက်ခံတဲ့ အွန်လိုင်းလှုပ်ရှားမှုမှာ လက်မှတ်ထိုးပါဝင်သူ ၄ သိန်းကျော်

စစ်တပ်အာဏာသိမ်းတာကိုမထောက်ခံတဲ့ အွန်လိုင်းလှုပ်ရှားမှုမှာ လက်မှတ်ထိုးပါဝင်သူ ၄ သိန်းကျော်

ဖေဖော်ဝါရီ ၃

ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာမှာ အာဏာသိမ်းတာကိုမထောက်ခံတဲ့ ပြည်သူတွေက လက်မှတ်ထိုးလှုပ်ရှားမှု ပြုလုပ်နေတာဟာ သုံးရက်ခန့် ရှိလာပြီး ယခုအခါ အဆိုပါလှုပ်ရှားမှုမှာ လက်မှတ်ထိုးပါဝင်သူ အရေအတွက်ဟာ ယနေ့ နေ့လယ် ၄ နာရီခန့်တွင် ၄၂၀,၀၀၀ ကျော်လာပြီဖြစ်သည်။
 
Save Myanmar and Honor the 2020 Election Result ဆိုသည့် အမည်ဖြင့် လက်မှတ်ထိုးလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးတဲ့သူတွေက စတင်ခဲ့ခြင်းဖြစ်သည်။

ဒီလက်မှတ်ထိုးမှုဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အပါအဝင် ကျန်အဖွဲ့အစည်းတွေက လက်ရှိအာဏာသိမ်းတဲ့ဖြစ်ရပ် အပေါ် အရေးယူပေးဖို့နဲ့ အကူအညီပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုလည်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly