စစ်အာဏာသိမ်းမှုကို ဆွစ်ဇာလန်ကန့်ကွက်၊ ဖမ်းထားသူများပြန်လွှတ်ရန်တောင်းဆို

စစ်အာဏာသိမ်းမှုကို ဆွစ်ဇာလန်ကန့်ကွက်၊ ဖမ်းထားသူများပြန်လွှတ်ရန်တောင်းဆို
Photo - ဆွစ်ဇာလန်သံရုံး (Fb )

ဖေဖော်ဝါရီ ၂
 
 စစ်အာဏာသိမ်းမှုကို ဆွစ်ဇာလန်နိုင်ငံအနေဖြင့် အထူးစိုးရိမ်မကင်းဖြစ်ဖြစ်ရပြီး၊ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲသည့်ကြိုးပမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးထားသော၊ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသော တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို လွှတ်ပေးရန်လည်း တိုက်တွန်းထားသည်။

ပူးပေါင်းဆွေးနွေးမှုများပြန်လည်လုပ်ဆောင်ရန်နှင့် လူ့အခွင့်ရေးလေးစားလိုက်နာမှု၊ ငြိမ်းချမ်းရေးမှှုနှင့် ပိုမိုကြီးမြတ်သော လွတ်လပ်မှုတို့ကို ဦးတည်စေသည့် ဒီမိုကရက်တစ်လမ်းစဉ်ကို အမြန်ဆုံးပြန်လည်စတင်ရန်လည်း တောင်းဆိုထားသည်။

ဆွစ်ဇာလန်နိုင်ငံ သံရုံးစတင်ဖွင့်လှစ်ချိန် ၂၀၁၂ ကတည်းက မြန်မာနိုင်ငံ၏ အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ဒီမိုကရစ်တစ်နည်းတကျ သာယာဝပြောသည့်နိုင်ငံတည်ဆောက်ရေးအတွက် အစဉ်တစိုက်အားပေးထောက်ကူပြုလျှက်ရှိကြောင်းဖော်ပြထားသည်။ 

အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်လည်း အမေရိကန်နိုင်ငံ၊ဗြိတိန်နှင့် ဥရောပသမအဖွဲ့ဝင်နိုင်ငံများကလည်း ကန့်ကွက်ထားပြီး၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေးတောင်းဆိုထားသည်။ 

ယခုကိစ္စတွင် တာဝန်ရှိသူများကို အမေရိကန်အစိုးရက အရေးယူမှုများပြုလုပ်မှုဟုလည်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly