တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်း

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်း
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

မြိတ်၊ ဖေဖော်ဝါရီ ၂

​ဖေ​ဖော်ဝါရီလ၁​ရက်နေ့က စစ်တပ်အာဏာ သိမ်းပြီး​နောက် ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများပါ ထိန်းသိမ်းခံ ခဲ့ရ သည် ။ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး တစ်ပါးလည်း ပြန်လည် လွှတ်ပေး လိုက်ပြီးလို့ တိုင်း အစိုးရ အဖွဲ့ထံမှ သိရ သည်။

ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်ကိုဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ပြန်လည် လွှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားတယ်လို့ တိုင်း အစိုးရအဖွဲ့ တာဝန် ရှိသူ တစ်ဦးက အတည်ပြု ပြောဆို သည်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးက“ဟုတ်ပါတယ်၊ ဒီကနေ့ မနက်ကပဲ ဦးမြင့်မောင် ပြန်ရောက် လာတယ်လို့ သိရပါတယ်၊ လက်ရှိတော့ ဝန်ကြီး နေအိမ်မှာ ရှိနေတယ်လို့ ကျွန်တော် သိရပါတယ်။”ဟု ပြောဆို သည်။

ယမန်နေ့တွင် တနင်္သာရီတိုင်း အစိုးရဖွဲ့ဝင်ထဲမှ တပ်က ဖမ်းဆီး ခေါ်ဆောင်သွားသူ များထဲတွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်၊ စီမံဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချို၊ လ ၀ က ဝန်ကြီး ဦးကျော်မင်းနှင့် ကရင်း တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလုကာတို့ ပါဝင်ခဲ့သည်ဟု သိရ သည်။

လက်ရှိတွင် တပ်က ပြန်လည် လွှတ်ပေးခဲ့သည့် ဝန်ကြီးများထဲတွင် ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစောလုကာတို့ ၂ ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး ကျန် ဝန်ကြီး တချို့ကိုတော့ လွှတ်ပေးခဲ့ခြင်း မရှိသေးကြောင်း သိရ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly