မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် ကုလလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး အလွန် စိုးရိမ်နေ

မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် ကုလလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး အလွန် စိုးရိမ်နေ
Photo - AFP

ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးဖြစ်တဲ့ မီချဲလ် ဘာချီလက်က “အလွန်ပင် စိုးရိမ်ပူပန်လျက်ရှိတယ်” ဆိုပြီး ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ ရာဗီနာ ရှမ်ဒက်ဆာနီက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ ဖယ်ရှားခံရပြီး နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးအတွက် ခုခံကာကွယ်သူတွေ၊ ဂျာနယ်လစ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အခြား ပုဂ္ဂိုလ်တွေကို စစ်တပ်က တစ်ဖက်သတ် ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ ကော်မရှင်နာမင်းကြီးက အထူးပဲ စိုးရိမ်ပူပန်နေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးဖြစ်တဲ့ မီချဲလ် ဘာချီလက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒက်ဆာနီက ပြောပါတယ်။

“ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ထိန်းသိမ်းဖမ်းဆီးခံရမှု အပါအ၀င် အနည်းဆုံး လူပေါင်း ၄၅ ယောက်လောက် ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုတဲ့ သတင်းတွေကြောင့် ကော်မရှင်နာမင်းကြီး အနေနဲ့ စိုးရိမ်ပူပန်ခဲ့ရပါတယ်၊ သူတို့တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” လို့လည်း ရာဗီနာက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ လိုတာထက် ပိုတဲ့ ဒါမှမဟုတ် အလွန်အကျွံ အင်အားအသုံးပြုမှုကနေ ရှောင်ကြဉ်ဖို့နဲ့ ငြိမ်းချမ်းစွာ စု‌ဝေးဆွေးနွေးနိုင်တဲ့ အခွင့်အရေးကို လေးစားဖို့ တို့ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးဥပ‌ဒေအရ ဆောင်ရွက်ရမယ် ဆိုတာကို စစ်ခေါင်းဆောင်တွေကို ကုလ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက သတိပေးလိုပါတယ်” လို့လည်း သူမက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly