အာဏာသိမ်းခြင်းသည် နိုင်ငံနှင့် တပ်မတော်သမိုင်းကို ညစ်နွမ်းစေမှုဖြစ်ကြောင်း NLD ထုတ်ပြန် 

အာဏာသိမ်းခြင်းသည် နိုင်ငံနှင့် တပ်မတော်သမိုင်းကို ညစ်နွမ်းစေမှုဖြစ်ကြောင်း NLD ထုတ်ပြန် 
ဓာတ်ပုံ - သန်းထိုက်အောင်

ဖေဖော်ဝါရီ ၂၊ ၂၀၂၁ 

နိုင်ငံတော် အာဏာသိမ်းခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်သမိုင်းကို ညစ်နွမ်းစေသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖေဝါရီလ ၂ ရက် နေ့စွဲဖြင့် သဘောထား ထုတ်ပြန်လိုက်သည်။  

နိုင်ငံတော်၏ ဒီမိုကရေစီပြောင်းလဲရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ COVID-19 ကပ်ရောဂါ ကျော်လွှားနိုင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက် ဆောင်ရွက်ရန် ကြီးစွာ အဟန့်အတား ဖြစ်စေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် နိုင်ငံသားများက တခဲနက် မဲပေးရွေးချယ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြု ထုတ်ပြန်ထားသော ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးစီးဦးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကျင်ပရန်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် အစည်းအဝေး ကျင်းပချိန်မတိုင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်အာဏာ သိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် နိုင်ငံသားများ၏ အချုပ်အခြအာဏာကို မျက်ကွယ်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။  

ထို့အပြင် နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများကို အမြန်ဆုံးလွှတ်ပေးရန်၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန်နှင့် တတိယအကြိမ် လွှတ်တော်ခေါ်ယူ ဆောင်ရွက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တို့ကိုလည်း တောင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly