ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်များကို ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်ကို အမေရိကန် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်များကို ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်ကို အမေရိကန် တိုက်တွန်း

ဖေဖော်ဝါရီ ၂

ထိန်းသိမ်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံခြားရေးခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် အမေရိကန်က မြန်မာစစ်တပ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် တိုက်တွန်းလိုက်သည်။ ထို့ပြင် အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဝါရှင်တန်ဘက်မှ တုံ့ပြန်မှုတစ်ရပ် လုပ်နိုင်ကြောင်း အမေရိကန်က သတိပေးခဲ့သည်။

နို၀င်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိခဲ့ကြောင်း စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စစ်တပ်နှင့် အရပ်သားအစိုးရအကြား သီတင်းပတ်များကြာ တင်းမာမှုများ ရှိခဲ့ပြီးနောက် သမ္မတ ဦး၀င်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

“မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းမှု ဒါမှမဟုတ် မြန်မာရဲ့ ဒီမိုကရေစီ စနစ် ကူးပြောင်းမှုကို ဟန့်တားဖို့ ကြိုးပမ်းမှုတိုင်းကို အမေရိကန်အနေနဲ့ ဆန့်ကျင်ပါတယ်၊ ဒီလိုမျိုး ‌ဆောင်ရွက်ချက်တွေကို ပြောင်းပြန်မလှန်ဘူး၊ ပြန်မပြောင်းလဲဘူးဆိုရင် တာ၀န်ရှိသူတွေကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။

“စစ်တပ်နဲ့ အခြား အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာကြဖို့၊ ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာကြဖို့နဲ့ ဒီကနေ့မှာ ထိန်းသိမ်းခဲ့သူတွေကို ပြန်လွှတ်ပေးဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု သူမက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလွယ်တကူ အနိုင်ရခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မူမမှန်မှုများ ရှိသည်ဆိုသော ပြောဆိုချက်များကို စာရင်းရှင်းရန်အတွက် နိုင်ငံတွင် အာဏာသိမ်းနိုင်ကြောင်း စစ်တပ်က ပြီးခဲ့သည့်အပတ်က အရိပ်ပြ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly