ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြန်လွတ်၊ လွှတ်တော်ဥက္ကဋ္ဌခေတ္တထိန်းသိမ်းခံထားရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြန်လွတ်၊ လွှတ်တော်ဥက္ကဋ္ဌခေတ္တထိန်းသိမ်းခံထားရ

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၁ ခုနှစ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် သူ၏ မိသားစုဝင်တချို့ကို တပ်မတော်က နံနက်ပိုင်းတွင် ထိန်းသိမ်းခဲ့ပြီးနောက်၊ နေ့လည်ပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဝန်ကြီးချုပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်၊ ဝန်ကြီးချုပ် ဦးညီပု သည် ၎င်းဇာတိမြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းများ အကောင်ထည်ဖော်ဆောင်မှုများကို လေ့လာရန် ရောက်ရှိနေခြင်းဖြစ်သည်။


 
တချိန်တည်းတွင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်သည်လည်း အဖမ်းခံထားရသည်ဟု သတင်းထွက်ပေါ်လျှက်ရှိသည်။ ဦးစံကျော်လှနေထိုင်ရာ ဝန်ကြီးချုပ်အိမ်ရာဝင်းကို တပ်မတော်သားများနေရာယူထားကြောင်းသိရသည်။

ဦးစံကျော်လှသည် ရခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခထီးတော်စပ်သူဖြစ်သည်။ လက်ရှိအချိန်တွင် တပ်မတော်က တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာချက်တွင် ရခိုင်ပြည်နယ်လည်း ပါဝင်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly