သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လွှတ်ပေးရန် ဉရောမသမ္ဂတောင်းဆို

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လွှတ်ပေးရန် ဉရောမသမ္ဂတောင်းဆို
Photo: EU website

ဖေဖော်ဝါရီ ၂
 
 သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဖမ်းဆီထားသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမည်ဟု ဥရောပသမဂ္ဂ ဒုတိယဥက္ကဋ္ဌ Josep Borrell က ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားသည်။ 

တပ်မတော်အိမ်ဏာသိမ်းခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း၊  ယင်းလုပ်ရပ်သည် တိုင်းပြည်၏ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီကိုလိုလား မဲပေးခဲ့ကြသော ပြည်သူများ၏ဆန္ဒကို ပယ်ဖျက်ရန်ကြိုးပမ်းမှုဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဖမ်းဆီးခံထားရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အဖမ်းခံထားရသူများအားလုံးကို ခြွင်းချက်ရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းထားသည့်အတိုင်း ရွေးကောက်ခံကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်လျင်မြန်စွာဖွင့်လှစ်ရန်လည်း
ဆက်လက်တောင်းဆိုထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly