တပ်မတော်က အာဏာထိန်းသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယတွေက ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေကိုလည်း လှုပ်ရှားသွားလာခွင့်မပြုတော့ဘဲ တပ်ကထိန်းသိမ်းဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်လည်း အပါအဝင်ပါ။ ကျန်းမာရေးမကောင်းမွန်တဲ့အတွက် ပဋိဇီဝဆေးဝါးတွေကို မှီဝဲနေရတဲ့သူဖြစ်လို့ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ ဇနီးဖြစ်သူ ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးက ပြောပါတယ်။ မဇ္ဈိမက ဖုန်းနဲ့ဆက်သွယ် မေးမြန်းထားတာကို ရှုစားရအောင်ပါ။