နောက်ကြောင်းပြန်လှည့်သည့် တာဝန်ရှိသူများကို အရေးယူမည်ဟု အမေရိကန် ပြော 

နောက်ကြောင်းပြန်လှည့်သည့် တာဝန်ရှိသူများကို အရေးယူမည်ဟု အမေရိကန် ပြော 
Photo - AFP

ဖေဖော်ဝါရီ ၁၊ ၂၀၂၁ 

အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့် မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းကို ထိခိုက်စေမည့် ကြိုးပမ်းမှုကို အမေရိကန် ပြည်ထောင်စုက ဆန့်ကျင်ကြောင်း၊ နောက်ကြောင်းပြန်လှည့်စေမည့် ခြေလှမ်းများ လုပ်ဆောင်လာလျှင် ထိုသို့ လုပ်ဆောင်သည့် တာဝန်ရှိသူများကို အရေးယူမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။   

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရမှုအပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကို ပျက်ပြားစေမည့် တပ်မတော်၏ လုပ်ဆောင်မှုကို အမေရိကန် ပြည်ထောင်စုက သိရှိရကြောင်းနှင့် သမ္မတ ဂျိုး ဘိုင်ဒန်က အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်ထံ အကြောင်းကြားပြီး ဖြစ်ကြောင်းလည်း သတင်း ထုတ်ပြန်ထားသည်။  

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အင်စတီကျူးရှင်းကို လေးလေးနက်နက် ဆက်လက် ထောက်ခံကြောင်း၊ တပ်မတော်နှင့် တခြား သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် တရားဥပဒေ စိုးမိုးရေးကို လိုက်နာကြရန် ဖမ်းဆီးထားသူများကို အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။  

မြန်မာနိုင်ငံ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းလည်း အမေရိကန်က ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly