ဥရောပတဝှမ်းအထင်ကရနေရာတွေ စုစည်းရာ Mini-Europe

01 February 2021
ဥရောပတဝှမ်းအထင်ကရနေရာတွေ စုစည်းရာ Mini-Europe

ဒီတပတ်ရဲ့ ဒီတပတ်အတွက် ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ဘယ်လ်ဂျီယံနိုင်ငံကို ခေါ်သွားပေးမှာပါ။ ဘရပ်ဆဲလ် မြို့တော်မှာ ဥရောပအထင်ကရနေရာတွေကို စကေးအသေးစားလုပ် ပြသထားတဲ့ အပန်းဖြေကစားကွင်းတခုရှိပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လနဲ့ချီ ပိတ်ထားရာကနေ ပြန်ဖွင့်ချိန်မှာ ရိုက်ကူးခဲ့တာပါ။ အခုထုတ်လွှင့်နေချိန်မှာတော့ ပြန်ပိတ်ထားပြီးတော့ ၂၀၂၁ မတ်လနှောင်းပိုင်းလောက်မှ ပြန်ဖွင့်နိုင်မယ်လို့ကြေညာထားပါတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ သမိုင်း ယဉ်ကျေးမှုကို ထင်ဟပ်ပြီး အထင်ကရနေရာတွေကို တနေရာထဲမှာ လေ့လာနိုင်ဖို့လုပ်ထားတဲ့ Mini-Europe ဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly